မင်းသမီးကြီး အဲလိဇ်ဘက် တေလာ နှလုံးခွဲစိတ်မှု ခံယူရမည်

alt

ဟောလီးဝုဒ် မင်းသမီးကြီး အဲလိဇ်ဘက် တေလာမှာ ဆေးရုံ တက်ပြီး နှလုံးခွဲစိတ်မှု ခံယူ ရမည် ဖြစ်သည်ဟု သိရှိ ရသည်။

မင်းသမီးကြီးက သူမ၏ ပရိသတ်များအား ယင်းကိစ္စကို Twitter ဆိုရှယ်နက်ဝပ် မှတဆင့် အသိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။ နှလုံးရှိ သွေးထိန်း အဆို့များကို ညှပ်များသုံးပြီး ပြန်လည် ပြုပြင်ရန် ခွဲစိတ်မှု ခံယူရမည် ဖြစ်ကြောင်း၊ ယင်း လုပ်ရပ်ကြောင့် သူမ၏ နှလုံးသည် လုပ်ငန်း ဆောင်တာပိုင်း ပိုမိုကောင်းမွန် လာမည် ဖြစ်ကြောင်း အဲလိဇ်ဘက် ကဆိုသည်။

အသက် (၇၇)နှစ် ရှိပြီဖြစ်သော မင်းသမီးကြီးက သူမ၏ ပရိသတ်များ အနေနှင့် ယင်းသတင်းကို မီဒီယာများက မဖော်ပြမီ သိထားသင့်သည်ဟု ယုံကြည်ကြောင်း Twitter တွင် ရေးသား ထားသည်။ အဲလိဇ်ဘက်သည် ပြီးခဲ့သော နှစ်ပိုင်းများအတွင်း နှလုံးနှင့် ဆိုင်သော ပြဿနာများ မကြာခဏ ကြံုခဲ့ရသူ ဖြစ်သည်။

ထို့အပြင် သူမသည် ခွဲစိတ်ခန်း ကုတင်တွင် လှဲလျောင်းနေစဉ် သူမအား ချစ်ခင်သည့် ပရိသတ်ထံမှ ဆုတောင်း မေတ္တာကြောင့် စိတ်ဓာတ် ခွန်အားများ ရရှိနေမည်ဟု ယုံကြည်ပါကြောင်း အဲလိဇ်ဘက်က Twitter တွင် ရေးသား ဖေါ်ပြထားသည်။

ဗြိတိသျှနွယ်ဖွား မင်းသမီးကြီးသည် ခွဲစိတ်ခန်းနှင့် စိမ်းလှသူ မဟုတ်ဘဲ (၁၉၉၅) ခုနှစ်က တင်ပါးဆုံရိုး အစားထိုးမှု ပြုလုပ်ခဲ့ရသလို ၂နှစ် အကြာတွင် ဦးနှောက်အကြိတ် တခုကိုလည်း ခွဲစိတ် ဖယ်ထုတ်ခဲ့ရ သေး၏။ သူမသည် အရိုးပွရောဂါ တမျိုးဖြစ်သည့် osteoporosis ကို ခံစားနေရပြီး ကျောရိုး (၅)ကြိမ် ကျိုးဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here