ဆူနာမီဒဏ် ခံစားခဲ့ရသည့် ဒေသများ လူနေမှုစံနစ် ပြောင်းလဲသွားနိုင်

alt

ဆူနာမီ ရေလှိုင်းများ ဒဏ်ကို အလူးအလဲ ခံစားခဲ့ရသော ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပါက ပင်လယ် ကမ်းခြေအနီး နေထိုင်သော လူနေမှု စံနစ်ကို ပြောင်းလဲစေမည်ဟု

ဆမိုအာ အစိုးရက ကြေညာခဲ့သည်။

ပြီးခဲ့သည့် လအတွင်းက ဩစတြေးလျ နိုင်ငံအနီး ပစိဖိတ် သမုဒ္ဒရာထဲမှာ ကျွန်းနိုင်ငံ ငယ်လေးများ ဖြစ်ကြသော ဆမိုအာ နှင့် အမေရိကန် ဆမိုအာ တို့အား အင်အား ပြင်းထန်သော ငလျင်ကြီးကြောင့် ဖြစ်ပေါ်လာသည့် ဆူနာမီ ရေလှိုင်းများ ၀င်ရောက် ရိုက်ခတ်သွားရာ လူပေါင်း (၁၆၀)ကျော် သေဆုံး ခဲ့ရသည်။

အနီးရှိ တွန်ဂါနိုင်ငံ အစိုးရကလည်း ပင်လယ်ကမ်းနား ရွာများမှ လူ(၉)ဦး သေဆုံးကြောင်း အတည်ပြုခဲ့သည်။ ယင်း အဖြစ်မျိုး ထပ်မကြံုချင် တော့ကြောင်း၊ ထို့ကြောင့်လည်း အစိုးရ၏ ပင်လယ်ကမ်းခြေမှ ပြောင်းရွှေ့ နေထိုင်ရန် အဆိုပြုမှုကို ထောက်ခံကြောင်း နေအိမ် ဆုံးရှုံးသွားသဖြင့် ရွက်ဖျင်တဲ တလုံးတွင် နေထိုင်လျှက်ရှိသူ ဆိုလိုဖီလီနီက သတင်းထောက် များအား ပြောကြားခဲ့သည်။

ဖီလီနီက ၎င်းတို့သည် ဆူနာမီ ရေလှိုင်းဒဏ်နှင့် ကြံုတွေ့ ပြီးပြီးချင်းတွင် ရေချိုပြတ်လတ်မှု ပြဿနာကို အလူးအလဲ ခံခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ မိမိတို့ အနေနှင့် တံငါလုပ်ငန်းကို အခြေပြု နေထိုင်သော်လည်း ယခုတကြိမ် အတွေ့ အကြံုကြောင့် ကုန်းတွင်းပိုင်းသို့ ပြောင်းရွှေ့ နေထိုင်ရန် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသွားခဲ့သည်။

ဆမိုအာနိုင်ငံ၊ သဘာဝရင်းမြစ် ၀န်ကြီးဌာနက ဆူနာမီဒဏ်ခံ ဒုက္ခသည် များအတွက် ပြန်လည် နေရာချထားရေး စီမံကိန်းများကို ကမ်းခြေနှင့် ဝေးကွာရာ အရပ်တွင်သာ ထားရှိတော့မည်ဟု အတည်ပြုထားပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here