အင်ဒို ငလျင်ဒဏ် ခံခဲ့ရသည့် အဆောက်အဦးများ ဖောက်ခွဲဖျက်စီးပစ်

alt

အင်ဒိုနီးရှား နိုင်ငံ၊ ဆူမားတြား ကျွန်းအနီးရှိ ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသော ပန်ဒန်မြို့မှ ငလျင်ဒဏ်ခံ တိုက်တာ အဆောက်အဦး များကို ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် လက လှုပ်ခတ်သွားသည့် ပြင်းအား (၇.၆) ရစ်ချ်တာ စကေး ရှိသည့် ငလျင်ကြီးကြောင့် ကွန်ကရစ် တိုက်တာများ ပြိုကျ ပျက်စီးခဲ့ပြီး ယင်းတို့ အောက်တွင် လူပေါင်း ထောင်နှင့်ချီပြီး ပိတ်မိသေကြေ ခဲ့ရသည်။

သို့သော်လည်း အောက်တိုဘာ (၅)ရက် နေ့တွင် ထိုသူများ အားလုံး သေဆုံးကုန်ပြီဟု ယူဆကာ တူးဖော် ကယ်တင်ရေး လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီး ဖောက်ခွဲရေး လုပ်ငန်းများကို အောက်တိုဘာ (၆)ရက် နေ့မှ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် သီတင်းပါတ် အကုန်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြန်ရာ အပျက်အစီးများကြား ရေကြီးမှု အချို့လည်း ဖြစ်ပေါ်ခဲ့ ရသေးသည်။ အောက်တိုဘာ (၆)ရက် နေ့က ဖောက်ခွဲရေး ကျွမ်းကျင်သူများသည် ငလျင်ကြောင့် အတော်များများ ပျက်စီးနေသည့် (၆)ထပ် အမ်ဘာကန် ဟိုတယ်ကြီး အပါအဝင် အန္တရာယ် ရှိသော အဆက်အအုံများကို စတင်ဖောက်ခွဲ ဖြိုချနေပြီ ဖြစ်သည်။

ငလျင်ကြီးကြောင့် လူပေါင်း သိန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ပန်ဒန် အုပ်ချုပ်ရေး အဖွဲ့က ကြေညာလိုက်သည်။ ငလျင်ဒဏ်ခံ ပြည်သူများ အတွက် ဒုက္ခသည် စခန်းအချို့ကို ဖွင့်လှစ်ပေးထားပြီး ရဟတ်ယာဉ် (၆)စင်းဖြင့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ သယ်ယူဝေငှမှုကို ဆောင်ရွက် ပေးနေရဆဲ ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here