နိုက်ဂျီးရီးယား နိုင်ငံထုတ် HIV, AIDS တားမြစ်ဆေး စမ်းသပ်နေပြီဟု အတည်ပြု

alt

နိုက်ဂျီးရီးယား နိုင်ငံက ၎င်းတို့ ကိုယ်တိုင် သီးသန့်တီထွင် ထားသော HIV နှင့် AIDS တားမြစ် ကာကွယ် ဆေးကို စမ်းသပ် နေကြောင်း အတည်ပြု  ပြောဆိုလိုက်ပြီ ဖြစ်ဟု နိုက်ဂျီးရီးယား ထရီဗြွန်း သတင်းစာ က ဆိုသည်။

မြို့တော် လေဂို့(စ်) ရှိ နိုက်ဂျီးရီးယား ကျန်းမာရေး ၀န်ကြီးဌာနက ယင်း သတင်းကို ထုတ်ပြန်ခဲ့ပြီး နိုက်ဂျီးရီးယား အမျိုးသား AIDS ထိန်းချုပ်ရေး အေဂျင်စီမှ အထွေထွေ ဒါရိုက်တာ ဂျွန်အိုင်ကီဒေါ က (၂၀၁၀) မှ (၂၀၁၅) ခုနှစ်အတွင်း ယင်း စီမံကိန်းကို အပြီးသတ် နိုင်လိမ့်မည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

၎င်းက ပြည်တွင်း ပညာရှင်များ၏ နောက်ဆုံး တွေ့ရှိချက်များသည် အလွန်အလား အလာ အခြေအနေ ကောင်းမွန်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။ နိုက်ဂျီးရီးယားသည် AIDS ကူးစက် ပြန့်ပွားမှုကို တားမြစ်နိုင်ရေး အတွက် အမေရိကန် ဒေါ်လာ (၅.၇) ဘီလျံ အသုံးပြုရန် ရည်ရွယ်ထားပြီး ဖြစ်သည်။

နိုင်ငံအနေနှင့် AIDS ထိန်းချုပ်ရေး အစီအစဉ်ကို အကောင်အထည် ဖော်နေပြီး သုတေသန လုပ်ငန်းများကို တိုးချဲ့ သွားရန် လိုအပ်နေကြောင်း အိုင်ကီဒေါ က ဆိုသည်။

အိုင်ကီဒေါ က မိမိတို့ ဖော်ဆောင်နေသော စီမံကိန်းမှာ လက်ရှိ သုံးစွဲနေသည့် အမေရိကန် ဒေါ်လာ (၃.၂၇၅) ဘီလျံမျှနှင့် လုံလောက်မှု မရှိကြောင်းလည်း သုတေသန လိုအပ်ချက်ကို ၀န်ခံ ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here