အိန္ဒိယနိုင်ငံ တောင်ပိုင်း ရေလွှမ်းမိုးမှု သေဆုံးသူ ဦးရေ မြင့်တက်လာ

alt

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားနေသော ရေလွှမ်းမိုးမှု များကြောင့် သေဆုံးသူ အရေအတွက်မှာ (၂၃၀)ကျော် အထိ မြင့်တက်လာပြီး လူသန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရကြောင်း သိရှိရသည်။

ဘင်္ဂလားနယ် မှ အာဏာပိုင် များက (၅)ရက် ဆက်တိုက် သည်းထန်စွာ ရွာသွန်းသော မိုးသည် နိုင်ငံသမိုင်း တလျှောက် နှစ်ပေါင်း (၁၅၀)ကျော် အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး လူ(၁.၅)သန်း အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရကြောင်း ပြောကြားလိုက်သည်။

မဟာရာ ရှာတရာ နှင့် အန်ဒဟရာ ပရီဒက်နယ် များတွင် ရေဘေး ဒုက္ခသည် များအတွက် ရွက်ဖျင်တဲများ စီစဉ် ပေးထားသော်လည်း ထောင်နှင့် သောင်းနှင့်ချီပြီး နေစရာမရှိသော အခြေအနေဆိုးနှင့် ကြံုတွေ့ နေရသည်။

အောက်တိုဘာ (၅)ရက် နေ့မှစပြီး မိုး၏အရှိန် အနည်းငယ် လျော့ကျ လာမှုကြောင့် တာဝန်ရှိသူ များသည် ယခုအခါ ရွက်ဖျင် တဲများနှင့် စားနပ်ရိက္ခာများ ဝေငှရေးကို ဇောက်ချ အားထည့်လုပ်ကိုင် လာနိုင်ပြီ ဖြစ်သည်။ အာဏာပိုင် များက ရေလွှမ်းမိုးမှု များကြောင့် လျှပ်စစ်မီးများ၊ ဖုန်းလိုင်းများ ပြတ်တောက်သွားသလို သယ်ယူပို့ဆောင်ရေး လုပ်ငန်းများလည်း ရပ်ဆိုင်းသွားကြောင်း အတည်ပြု ပြောဆိုလိုက်သည်။

အိနိ္ဒယနိုင်ငံ ကွန်ဂရက်ပါတီ အကြီးအကဲ ဆိုနီယာဂန္ဒီ နှင့် အိုးအိမ်ဝန်ကြီး ချီဒမ်ဘာရမ် တို့သည် ရေဘေးသင့် ဒေသများသို့ လေယာဉ်ဖြင့် လှည့်လည် ကြည့်ရှုမှုများ ပြုလုပ်ထားကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here