ပါကစ္စတန်ရှိ ကုလသမဂ္ဂရုံး အနီး ပေါက်ကွဲမှုဖြစ်ပွား

alt

ပါကစ္စတန်ရှိ ကုလသမဂ္ဂ၊ စားနပ်ရိက္ခာ ရုံးအနီးတွင် ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ရာ လူ(၂)ဦး သေဆုံးသွားကြောင်း သိရှိရသည်။

World Food Programme ရုံး၏ အနီး အစောင့်အကြပ် ထူထပ်စွာ ချထားသော နေရာတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု အတွက် လက်သည် တရားခံကို မသိရှိ ရသေးပေ။ အောက်တိုဘာ (၅)ရက် နေ့က ဖြစ်ပွားခဲ့သော ဗုံးကွဲမှုအတွင်း အမျိုးသမီး(၂)ဦး သေဆုံးပြီး အတော်များများ ဒဏ်ရာ ရရှိကြောင်း အာဏာပိုင်များက အတည်ပြု ပြောကြားလိုက်သည်။

အစ္စလာမ်မာဘတ် တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုမှာ အသေခံ ဗုံးသမား တဦး၏လက်ချက် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆလျှက် ရှိနေပြီး၊ အစ္စလာမ်မာဘတ်မြို့တော် ရဲတပ်ဖွဲ့မှ အရာရှိ ဘန်နီအာမင်က ဗုံးသည် အဆောက်အအုံ အတွင်း ပေါက်ကွဲခြင်း ဖြစ်ပြီး (၇)ဦးထက် မနည်း ဒဏ်ရာ ရရှိသွားကြောင်း ပြောဆိုသွားခဲ့သည်။

အခင်း ဖြစ်ပွားမှုကို တွေ့မြင်လိုက်ရသည့် လုံခြံုရေး တာဝန်ခံ တဦးကမူ ဒဏ်ရာရသူ များအနက် (၄)(၅) ဦးသည် နိုင်ငံခြားသားများ ဖြစ်နိုင်ကြောင်း ပြောကြား သွားခဲ့သည်။ ပါကစ္စတန် နိုင်ငံသည် တာလီဘန် တို့၏ လက်ချက်ဟု ယူဆရသော အသေခံ ဗုံးခွဲ တိုက်ခိုက်မှု များကြောင့် ပြီးခဲ့သည့် (၂)နှစ် အတွင်း လူ(၂၁၀၀)ကျော် သေဆုံးခဲ့ရပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here