ဘာစီလိုနာ အသင်းခေါင်းဆောင်အား ခေါ်ယူရန် အာဆင်နယ် နှင့် မန်စီးတီး အပြိုင်ကြိုးပမ်း

alt

အာဆင်နယ် နှင့် မန်ချက်စတာစီးတီး အသင်းတို့သည် ဘာစီလိုနာ အသင်း ခေါင်းဆောင် ကားလက်ပူယော အား လက်မှတ်ထိုး ခေါ်ယူနိုင်ရန် အပြိုင် အဆိုင် ကြိုးပမ်းနေကြကြောင်း သိရှိ ရသည်။

စပိန် လက်ရွေးစင် နောက်တန်း ကစားသမားအား စီးတီးက ပြီးခဲ့သော နွေရာသီ ကတည်းက ဆက်သွယ် နေခဲ့သော်လည်း ယခုအခါ အာဆင်နယ် ကပါ အတွေ့အကြံုရင့် ကစားသမားကို ကမ်းလှမ်းရန် စီစဉ် လာခြင်း ဖြစ်ကြောင်း လန်ဒန်မှ လာသော သတင်းများက ဆိုသည်။

အသက် (၃၁)နှစ်ရှိ ပူယောသည် လာမည့်နှစ်တွင် ဘာစီလိုနာ နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး ၎င်း၏ဘဝတွင် ပြည်ပ နိုင်ငံများသို့ ထွက်ကစားဖူး ချင်သော ဆန္ဒမျိုး ရှိနေကြောင်း သိရှိရသည်။ ထို့ကြောင့်လည်း စီးတီးရော၊ အာဆင်နယ်ပါ ၎င်းအား ခေါ်ယူပါက အလွန် သက်သာသော နှုန်းထားဖြင့် တနှစ်စာ လုပ်ခလစာကို ဘာစီလိုနာ ထံ လျော်ကြေးပေးပြီး စာချုပ် သွားနိုင်မည် ဖြစ်သည်။

အာဆယ်နယ် နည်းပြ အာစင်းဝင်းဂါးသည် အိုင်ဗရီကို့စ် လက်ရွေးစင် ကိုလိုတိုရေး အား လက်လွတ် ခံလိုက်ရပြီးနောက် အားနည်းသွားသော နောက်တန်းကို အင်အားဖြည့်တင်းရန် ပူယောအား စိတ်ဝင်စား နေခြင်းဖြစ်ပြီး စီးတီးကလည်း ၎င်းတို့၏ ဥရောပဝင်ခွင့် ရည်မှန်းချက် အတွက် ပူယောကဲ့သို့ ကမာ္ဘ့အဆင့် ခံစစ်မှူးကို အလိုရှိနေခြင်း ဖြစ်သည်။

ဘာစီလိုနာသည် ၎င်းတို့၏ အသင်းခေါင်းဆောင်အား ဆက်ထိန်း ထားလိုသော်လည်း နိုင်ငံအသင်း အတွက် (၇၈)ပွဲ ကိုယ်စားပြု ထားသည့် ကစားသမား ကိုယ်တိုင်က အင်္ဂလန်သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေသည်ကို ၀န်ခံ ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here