လီဗာပူး ကစားသမားသစ် အကွီလာနီ အရည်အချင်း အား ဘင်နီတက်စ် မျှော်လင့်ချက်ထား

alt

လီဗာပူးလ် နည်းပြ ရာဖေး ဘင်နီတက်စ် က ၎င်းဝယ်ယူ ထားသည့် ပေါင်သန်း (၂၀)တန် အလယ်တန်းလူ အယ်ဘတ်တို အကွီလာနီ သည် လီဗာပူးနှင့် အတူ ထွန်းတောက် လာဦးမည်ဟု မျှော်လင့်လျှက် ရှိသည်။

အသက် (၂၅)နှစ်ရှိ အီတလီ လက်ရွေးစင်သည် ယခုနှစ် နွေရာသီက အီတလီ ကလပ် ရိုးမားမှ ပြောင်းရွှေ့ လာပြီး နောက် ဒဏ်ရာကြောင့် (၂)လမျှ နားနေ ခဲ့ရသည်။ လီဗာပူးသည် အောက်တိုဘာ (၄)ရက် နေ့က ပရီးမီးယားလိဂ် ပွဲစဉ်တွင် ချဲလ်ဆီးကို (၂-၀) ဖြင့် အရေးနိမ့်ခဲ့ရာ ကွင်းလယ် စိုးမိုးမှု အားနည်းချက်များကို ထင်ထင်ရှားရှား မြင်တွေ့ ခဲ့ရသည်။

ထို့ကြောင့်လည်း လေ့လာသူ များက ဇာဘီ အလွန်ဆို ထွက်ခွာ သွားချိန်တွင် လီဗာပူးအတွက် ဆူပါကွင်းလယ် ဖန်တီးရှင်တဦး လိုအပ်နေပြီ ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ထို ကိစ္စအတွက် စပိန်လူမျိုး နည်းပြကြီး ဘင်နီတက်စ် က အကွီလာနီ သည်သာ အဖြေ ဖြစ်လာမည်ဟု ခန့်မှန်း သွားခဲ့သည်။

အကွီလာနီ သည် လာမည့် သီတင်းပါတ်တွင် ဆန်းဒါးလန်းနှင့် တွေ့ဆုံမည့် ပွဲအတွင်း လီဗာပူး အရံလူ စာရင်းမှ စတင် ပါ၀င်လာဖွယ် ရှိနေသည်။ အကွီလာနီ ကိုယ်တိုင်က ၎င်းသည် ဒဏ်ရာ အိပ်မက်ဆိုးမှ ရုန်းထွက်ပြီး လီဗာပူးအတွက် အကောင်းဆုံး ပေးဆပ်ချင်ကြောင်း ပြောကြားထား ခဲ့ဖူးသည်။

အကွီလာနီ သည် ရိုးမား၏ အဓိက ကွင်းလယ် မောင်းနှင်အားအဖြစ် ရပ်တည်ခဲ့ပြီး ၎င်းကို ရောင်းချခဲ့မှု အတွက် ရိုးမားအသင်း အုပ်ချုပ်သူများ အပေါ် ပရိသတ်နှင့် ကစားသမား များက အကြီးအကျယ် ဝေဖန်ပြစ်တင် ခဲ့သေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here