ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် တွေ့ဆုံရန် သမ္မတ အိုဘားမား ငြင်းပယ်

alt

အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ယခင်သမ္မတ များနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိပြီး အမေရိကန်၏ မိတ်ဆွေ အဖြစ် သတ်မှတ် ခံထားရသူ တိဘက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်း လားမား နှင့်

တွေ့ဆုံရန် ငြင်းဆန် လိုက်ကြောင်း သိရသည်။

အိုဘားမားသည် ၎င်း၏ သမ္မတ သက်တမ်း (၉)လ နီးပါး အတွင်း ဟူဂိုချားဗက်၊ ဒင်နီရယ် အော်တေဂါ၊ ဗလာဒီမာ ပူတင် တို့ကဲ့သို့ အခြားနိုင်ငံ့ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သော်လည်း တရုတ်နိုင်ငံရှိ အဖိနှိပ်ခံ တိဘက် လူမျိုး (၆)သန်း ကျော်အား ကိုယ်စားပြုသည့် နိုဘယ်ဆုရှင် ဘာသာရေး ခေါင်းဆောင်ကြီး ၀ါရှင်တန်သို့ ရောက်ရှိနေချိန်တွင် တွေ့ဆုံရန် ငြင်းပယ်ခဲ့သည်။

အိုဘားမား၏ ရုံးအဖွဲ့က သမ္မတနှင့် ဘုန်းတော်ကြီးတို့ တွေ့ဆုံ ဆွေးနွေးရန် အချိန် မကျသေးကြောင်း ပြောကြား ခဲ့သော်လည်း နိုင်ငံတကာ အကဲခတ် များက အိုဘားမားသည် တရုတ်နှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းနေသဖြင့် တရုတ် အစိုးရ၏ မဟာရန်သူ သဖွယ် သတ်မှတ် ခံထားရသည့် ကို်ယ်တော်ကြီးနှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ခဲ့ကြသည်။

ကိုယ်တော်ကြီးသည် လာမည့် သီတင်းပါတ်အတွင်း အစည်းအဝေး တခု တက်ရောက်ရန် ၀ါရှင်တန်သို့ ရောက်လာမည် ဖြစ်သော်လည်း အိုဘားမားနှင့် ဘုန်းတော်ကြီးတို့ တွေ့ဆုံမှုမှာ နိုဝင်ဘာလ နောက်ပိုင်း လောက်ကျမှသာ အကောင်အထည် ပေါ်လာဖွယ် ရှိနေကြောင်း သိရသည်။ ထိုအချိန်သည် အိုဘားမားသည် ဘေဂျင်းသို့ အလည်အပတ် သွားရောက်ပြီး ပြန်ရောက်မည့် ကာလလည်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here