သေဆုံးသွားပြီ ဆိုသော ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သစ် အား သတင်းထောက်များ တွေ့ဆုံခွင့်ရ

alt

ပါကစ္စတန် နိုင်ငံရှိ တာလီဘန် တပ်ဖွဲ့များ၏ ခေါင်းဆောင်သစ်သည် သတင်းထောက် များအား တွေ့ဆုံခွင့် ပေးခဲ့ခြင်းဖြင့် ၎င်း သေဆုံးသွားပြီ ဆိုသော ကောလဟာလ များအား ချေဖျက် ပစ်လိုက်နိုင်ပြီ ဖြစ်သည်။

ဟာကီ မူလာ မာဆက် သည် ဩဂုတ်လ အတွင်းက အမေရိကန်တို့ ပစ်ခတ်လိုက်သော ဒုံးကျည်ထိမှန် သေဆုံး သွားပြီဟု သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ် နေခဲ့သော်လည်း အောက်တိုဘာ (၄)ရက် နေ့က နိုင်ငံ၏ အနောက် မြောက်ဘက်တွင် မာဆက် သည် သတင်းထောက် များအား လျှို့ဝှက် တွေ့ဆုံခွင့် ပေးခဲ့သည်။

ဟာကီမူလာ က ၎င်းနှင့် ညီအစ်ကို တော်စပ်သူ ဘေတူလာ မာဆက် အတွက် လက်တုန့် ပြန်မည်ဟုလည်း ပြောကြားခဲ့သေးသည်။ ထို့အပြင် ပါကစ္စတန်မြို့တော်၊ အစ္စလာမ်မာဘတ် သို့ ဦးတည်ပြီး အသေခံ ဗုံးခွဲသမားများ စေလွှတ်မည်ဟု ဟာကီမူလာက ခြိမ်းခြောက် ခဲ့သေးကြောင်းလည်း သွားရောက် တွေ့ဆုံခွင့်ရ သတင်းထောက် တဦးက ပြောကြားခဲ့သည်။

ဟာကီမူလာ သည် အထူး ရွေးချယ်ထားသော သတင်းထောက် များကိုသာ စီစစ်ပြီး လုံခြံုရေးအရ အလွန် လျှို့ဝှက်သော နေရာတွင် လက်ခံ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဟာကီမူလာ သည် အသေခံ ဗုံးခွဲသမားများကို လေ့ကျင့် သင်ကြားပေးရာတွင် အလွန် ထူးချွန်သူအဖြစ် နာမည်ကြီး နေသူဖြစ်သည်။ ၎င်းနှင့် တွေ့ဆုံခွင့်ရသော သတင်းထောက်များ အနက် တဦးက စစ်သွေးကြွ ခေါင်းဆောင်သည် ကျန်းမာရေး အလွန် ကောင်းမွန်နေဟန် ရှိကြောင်း BBC သို့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here