Jay-Z ၏ ဗြိတိန် ဖျော်ဖြေပွဲ နိုဝင်ဘာလတွင် ကျင်းပမည်

alt

Hip Hop အဆိုတော် Jay-Z က ၎င်း၏ ဖျော်ဖြေပွဲကို နိုဝင်ဘာလတွင် ဗြိတိန် နိုင်ငံရှိ အလက်ဇန်းဒရား နန်းတော်တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။

ထိုကိစ္စကို ဖျော်ဖြေပွဲ စီစဉ်သည့် Live Nation နှင့် Roc Nation တို့က ပူးတွဲ သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲအတွက် လက်မှတ် များကို ကြိုတင် ရောင်းချခဲ့ရာ စံချိန်အဖြစ် စက္ကန့်(၂၀) အတွင်း ကုန်သွားခဲ့ကြောင်း သိရှိရသည်။

Jay-Z ၏ အယ်လ်ဘမ်သစ် The Blueprint 3 သည် အမေရိကန်၏ အရောင်းရဆုံး အယ်လ်ဘမ် စာရင်းတွင် နံပါတ်(၁) ချိတ်သည့် ၎င်း၏ (၁၁)ခုမြောက် အယ်လ်ဘမ်လည်း ဖြစ်လာခဲ့သည်။

Jay-Z ၏ သီချင်းသစ်များ ဖြစ်သော Run This Town သည် ဗြိတိန်တွင် လက်တလော အအောင်မြင်ဆုံး သီချင်းအဖြစ် ရပ်တည်နေပြီး ရီဟာနာ နှင့် ကင်ညာဝက်စ် တို့ကလည်း Featuring သီဆို ပေးထား ခဲ့ကြသည်။

ဗြိတိန်တွင် ကျင်းပမည့် ဖျော်ဖြေပွဲ အတွင်း Jay-Z နှင့်အတူ အခြား နာမည်ကျော် အဆိုတော်များလည်း ပူးပေါင်း ပါ၀င်မည်ဖြစ်ပြီး ဗြိတိန်၏ ဖျော်ဖြေရေး ကဏ္ဍတွင် အအောင်မြင်ဆုံး ပွဲတခု ဖြစ်လာရန် စီစဉ်သူများက မျှော်လင့်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here