မိုက္ကရိုဆော့ ဟော့(ထ်)မေးလ် သုံးစွဲသူတို့၏ Password များ အမြန်ပြောင်းလဲရန် တိုက်တွန်း

alt

Microsoft ၏ Hotmail စံနစ်ကို အသုံးပြုနေသူ (၂၁)သန်း ကျော်အား ၎င်းတို့၏ Password များကို အမြန်ဆုံး ပြောင်းလဲရန်

ဗြိတိန် ရဲတပ်ဖွဲ့ က တိုက်တွန်း လိုက်သည်။

Microsoft ၏ နာမည်ကျော် Mail စံနစ်တွင် လုံခြံုရေး ယိုပေါက် တခုကို ရှာဖွေ တွေ့ရှိပြီးနောက် ယခုလို ဆော်ဩခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် Hotmail အသုံးပြုသူ (၁၀၀၀၀) ကျော်၏ Password များကို Hacker များက ဖောက်ထွင်း ရယူသွားပြီး အောက်တိုဘာ (၁)ရက် နေ့က အဆိုပါ လူစာရင်းကို pastebin.com တွင် အမည်မသိသူ တဦးက ဖော်ပြ သွားခဲ့သည်။

ယခု အခြေအနေသည် ဆိုင်ဘာ လုံခြံုရေးအတွက် စိုးရိမ် ထိတ်လန့်စရာ ဖြစ်လာရပြီး အချက်အလက် ခိုးယူမှုများ ဖြစ်ပေါ်လာမည်ကို ရဲတပ်ဖွဲ့က စိုးရိမ်နေခဲ့သည်။ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က လူတိုင်းအနေနှင့် စီးပွားရေး၊ အခြားကိုယ်ရေး အချက်အလက် များကို တတ်နိုင်သမျှ Hotmail တွင် လက်တလော အသုံးမပြုရန်နှင့် Password များကို ပြောင်းပစ်ရန် အကြံပေးလိုကြောင်း ပြောဆိုသွားခဲ့သည်။

ထို လုံခြံုရေး ဟာကွက်နှင့် ပတ်သက်ပြီး နည်းပညာ Blog ဖြစ်သည့် Neowin.net က ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ယခုအခါ ဥရောပရှိ လူ(၁၀၀၀၀)ကျော် တို့၏ အချက်အလက်များ ခိုးယူ ခံထားရပြီး ဖြစ်နိုင်ကြောင်း ယူဆထားသည်။

Microsoft ကမူ ၎င်းတို့သည် Hotmail ၏ လိုအပ်ချက် မှန်သမျှကို သတိပြု ဖြေရှင်းပေးလျှက် ရှိကြောင်း မယုတ်မလွန် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here