သေဆုံး ရတော့မည့် ကင်ဆာ ဝေဒနာရှင် ဇနီးဖြစ်သူကိုပါ တမလွန်သို့ အတူခေါ်သွားခဲ့

alt

ဗြိတိန်နိုင်ငံမှ သန်းကြွယ် သူဌေး တဦးသည် ၎င်း၏ ကင်ဆာ ရောဂါကြောင့် သေဆုံး ရတော့မည့် ဘဝအတွက် ဇနီး ဖြစ်သူအား ပစ်သတ်ကာ ကိုယ်တိုင်လည်း သေကြောင်း ကြံသွားခဲ့ခြင်း ဖြစ်သည်။

အသက် (၇၀)အရွယ် သူဌေးကြီး ဒေးဗစ်ရောက်စီ သည် ၎င်းပိုင်ဆိုင် သော စပိန်နို်င်ငံရှိ အပန်းဖြေ စံအိမ် တွင် ဇနီးသည် ဟီသာ၏ ခေါင်းကို သူမ အိပ်ပျော်နေစဉ် သေနတ်ဖြင့် ပစ်သတ် ခဲ့ခြင်း ဖြစ်သည်။

သူဌေးကြီးသည် ကိုယ့်ကိုကိုယ် သတ်မသေမီ ၎င်းတို့ လင်မယား ပိုင်ဆိုင်သည့် ခွေးနှင့် ကြောင်ကို အစာကျွေး ခဲ့သေးကြောင်း ရဲများက ပြောကြား ခဲ့သည်။ ကိုစတာ ဘလန်ကာတွင် ဖြစ်ပွားခဲ့သော ကိစ္စအတွက် ရဲများက စုံစမ်းမှုများ ပြုလုပ်နေဆဲ ဖြစ်ပြီး ဒေးဗစ်သည် ၎င်း၏ ဝေဒနာကို မခံစားနိုင်တော့ သဖြင့် အောက်တိုဘာ (၄)ရက် နေ့က ယင်းကဲ့သို့ ဘဝကို အဆုံးသတ် သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဒေးဗစ်သည် ကင်ဆာ ရောဂါကျွမ်းနေပြီး ဝေဒနာကို အသည်းအသန် ခံစားနေသူလည်း ဖြစ်သည်။ ထိုနေ့က အိမ်နီးချင်း များက ရဲကို ထူးဆန်းသော အသံတခု ကြားခဲ့ရသည်ဟု အကြောင်းကြားခဲ့ပြီး ရဲများ ရောက်ရှိလာချိန်တွင် ဒေးဗစ်မှာ အသက်(၅၀)ကျော် အရွယ် ဇနီးဘေးတွင် သွေးအိုင်ထဲ လဲလျှက် သေဆုံးနေသည်။

၎င်း၏ ဘေးတွင် သေနတ်တလက်ကို ရဲများက သိမ်းဆည်း ရမိခဲ့သည်။ ဒေးဗစ်၏ မိတ်ဆွေများက ထို ကိစ္စအတွက် နားမလည်နိုင်အောင် ဖြစ်မိကြောင်း၊ ၎င်းတို့ လင်မယားသည် မကြာမီတွင် ပင်လယ်ကူး သင်္ဘောဖြင့် အပျော် ခရီးထွက်ရန် လက်မှတ်ပင် ၀ယ်ပြီးဖြစ်ကြောင်း ရဲများထံ ပြောဆိုသွားခဲ့သည်။

ရဲများသည် အလောင်း (၂)လောင်းကို အောက်တိုဘာ (၄)ရက်နေ့ ညပိုင်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အခင်း ဖြစ်ပွားသည်မှာ နေ့လယ်ပိုင်း လောက်ကဟု ယူဆရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here