ဘက်စထရိဘွိုင်းမှ ဘရိုင်ယန် လစ်ထရယ် ဆွိုင်းဖလူ ဖြစ်နေ

alt

ဘက်စထရိဘွိုင်း တေးဂီတ အဖွဲ့မှ နာမည်ကျော် အဆိုတော် ဘရိုင်ယန် လစ်ထရယ် သည် သူတို့၏ နောက်ဆုံး အယ်လ်ဘမ် This is up ဓါတ်ပြား မနက်ဖြန်တွင် ထွက်ရှိမည့် အချိန်မှ “The Pig Flu” ဟု လူသိ များနေသော

Swine Flu ရောဂါ ခံစားနေရကြောင်း သိရှိရသည်။ ထို ရောဂါ လက္ခဏာမှာ ကိုယ်အပူချိန် ၁၀၀ ကျော်ရှိခြင်း၊ ချောင်းဆိုးခြင်း၊ အော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ လည်ချောင်းများကွဲကာ ကြွက်သားများ နာကျင်ခြင်းသည့် ဝေဒနာများ ခံစားရသည်။

ဘက်စထရိဘွိုင်း အဖွဲ့မှာ ယခုအခါတွင် ကမာ္ဘလှည့် တေးဂီတ ဖျော်ဖြေနေပြီး ဆွိုင်းဖလူ ခံစားနေရသော ဘရိုင်ယန် လစ်ထရယ်သည် ကာကွယ်ဆေး အဖြစ် တမီးဖလူ ဆေးကို ရောဂါကာကွယ်ရန်အတွက် သောက်ထားသည်ဟု သိရှိရသည်။

မက္ကဆီကိုနိုင်ငံ စတင် ပြန့်ပွားလာသော ဗိုင်းရပ်(စ်) H1N1 သည် ကုရာနတ္ထိ ဆေးမရှိ သေးသော်လည်း တကမာ္ဘလုံးတွင် အသက်ပေါင်း ၄၄၉၄ ဦးအား အသက် ဇီဝိန်ချွေယူ သွားခဲ့ပြီ ဖြစ်သည်။ ယနေ့ အမေရိကန် နိုင်ငံတွင် ထို ဆွိုင်းဖလူ ကာကွယ် ဆေးဝါးအား အောက်တိုဘာလ (၅)ရက်နေ့ ညနေတွင် တနိုင်ငံ ဖြန့်ဝေလိုက်ပြီဟု ကြေညာလိုက်သည်။

ကပ်ရောဂါ သဖွယ် ပြန့်ပွားနှုန်း လျှင်မြန်သော Flu ရာဇဝင်မှာ ၁၉၁၈-၁၉ တွင် စပိန်ဖလူ ( A/H1N1 ) ဟုခေါ်ဆိုသော ရောဂါမှာ ထိုစဉ်က ကမာ္ဘတဝှမ်း လူပေါင်းသန်း ၁၀၀မျှ သေဆုံးခဲ့ရပြီး၊ ၁၉၅၆-၅၈ အတွင်းဖြစ်ပွားသော အာရှဖလူ ( A/H2N2 ) မှာ လူပေါင်း ၂မီလျံခန့် သေဆုံးခဲ့သည်၊ ၁၉၆၈-၆၉ တွင် ဖြစ်ပွားသော ဟောင်ကောင်ဖလူ ( A/H3N2) မှာ လူပေါင်း ၁မီလျံ သေဆုံးခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here