Windows Vista မှ စိတ်ပျက်စရာများ Windows 7 ကြောင့် မေ့ပျောက်စေမည် ဟုဆို

alt

Windows 7 က Windows Vista တွင် ကြံုခဲ့ရသော စိတ်ပျက်ဖွယ်ရာ အတွေ့အကြံု များအား အပြီးတိုင် မေ့ပျောက် စေလိမ့်မည်ဟု Microsoft က ယုံကြည် မျှော်လင့်လျှက် ရှိသည်။

မကြာမီ ရက်ပိုင်းအတွင်း တကမာ္ဘလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချတော့မည့် Operation System အသစ်သည် Vista တွင် ဖြစ်ပျက်ခဲ့သော အားနည်းချက်၊ ယိုယွင်းချက် များကို အကြီးစား မွမ်းမံမှုများ ပြုလုပ်ထားခဲ့ပြီ ဖြစ်သည်။

Windows 7 ၏ အဓိက အားသာချက်မှာ Memory ပမာဏကို အသုံးပြုရာတွင် သိသိသာသာ လျှော့ချ ပေးထားခြင်း ဖြစ်သည်။ ယခုလ နှောင်းပိုင်းတွင် Vista နေရာ တရားဝင် အစားထိုးမည့် Windows 7 အတွက် Vista အသုံးပြုသူများသည် Update ပြုလုပ်ရုံဖြင့် ရရှိနိုင်မည် ဖြစ်သည်။

သို့သော်လည်း Microsoft ၏ Operation System အဟောင်း Windows XP ကို အသုံးပြုသူ များမှာမူ Update လုပ်ခွင့် ရမည် မဟုတ်ချေ။ Vista အသုံးပြုသူများသည် (၁၁၉) ဒေါ်လာဖြင့် Home Premium အဆင့် Version သို့ မြှင့်တင်နိုင်မည် ဖြစ်သည်။ Microsoft ၏ မဟာပြိုင်ဘက် Google သည် လာမည့်နှစ်တွင် Chrome Operation System ကို အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ပြီး PC Version အတွက် အခမဲ့ ထုတ်ဝေမည်ဖြစ်ရာ Microsoft သည် Windows 7 အတွက် အကောင်းဆုံး စီမံမှုများဖြင့် ၀ယ်ယူသူများအား ဆွဲဆောင် ရဖွယ်ရှိသည်။

ကျွမ်းကျင်သူ များကမူ Google သည် လုပ်ငန်းအသေးစား အချို့တို့အတွက် ၎င်း၏ Operation System ကို အသုံးပြုရန် ဆွဲဆောင်နိုင်ဖွယ် ရှိနေသော်လည်း အောက်တိုဘာ (၂၂)ရက် နေ့တွင် ထွက်ပေါ်လာမည် ဖြစ်သော Windows 7 ၏ ဈေးကွက် ဝေစုကို လုယူရန် ခဲယဉ်း နိုင်သေးကြောင်း မှတ်ချက် ပြုထားကြသည်။

Microsoft က Windows 7 သည် Performance နိမ့်သော Netbook ကွန်ပျူတာ များတွင်ပါ အကောင်းဆုံး Run နိုင်ရန် ဂရုတစိုက် စီမံထားကြောင်း၊ Vista တွင် ဖြစ်ပွားခဲ့သော Error မျိုး တွေ့ကြံုရတော့မည် မဟုတ်ကြောင်း ကတိပြု ပြောဆိုလိုက်ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here