အင်ဒိုနီးရှား ငလျင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်များ ရပ်ဆိုင်းလိုက်ပြီဖြစ်

alt

ငလျင် လှုပ်ခတ်သွားရာ ပန်ဒန်မြို့ရှိ အပျက်အစီး ပုံများ အောက်တွင် ပိတ်မိနေသည့် အသက်ရှင် ကျန်ရစ် သူများအား ရှာဖွေ ကယ်တင်ရေး လုပ်ငန်း များကို အင်ဒိုနီးရှား အာဏာပိုင် များက ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

ကွန်ကရစ် အပျက်အစီး ပုံများ အောက်တွင် ရောက်ရှိ နေသူများ အတွက် မျှော်လင့်ချက် မရှိသလောက် နည်းပါးသွားပြီ ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းလာမှုကြောင့် ယခုလို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ပြီး ကယ်ဆယ်ရေး ဘက်မှ လူအင်အားကို ထောက်ပံ့ရေး ပစ္စည်းများ ဝေငှရာတွင် အသုံးပြုသွားမည်ဟု သိရသည်။ ထို့ကြောင့်လည်း အောက်တိုဘာ (၅)ရက်နေ့၊ နံနက်ပိုင်းက ငလျင်ဒဏ်ခံ ဒေသတွင် ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းအားလုံး အပြီးသတ် ရပ်နားလိုက်ပြီ ဖြစ်သည်။

အောက်တိုဘာ (၃၀)ရက်နေ့က ဆူမားတြား ကျွန်းအနီး လှုပ်ခတ်သွားသည့် အင်အား(၇.၆) ရစ်ချ်တာစကေးရှိ ငလျင်ကြီးကြောင့် လူပေါင်း(၁၁၀၀)မျှ သေဆုံးကြောင်း ကုလသမဂ္ဂက ခန့်မှန်း ထားသော်လည်း အင်ဒိုနီးရှား အစိုးရ၏ ထုတ်ပြန်ချက်တွင် (၆၀၃) ဦးဟုသာ ကွဲလွဲ ပါရှိနေသည်။

သို့သော်လည်း ယခုလို ကယ်ဆယ်ရေး လုပ်ငန်းများ ပြီးဆုံး သွားခြင်းကြောင့် ပျောက်ဆုံးနေသူ ထောင်ဂဏန်းမျှကို သေဆုံးသွားပြီဟု အစိုးရက ကြေညာ ရတော့မည်ဖြစ်သည်။ အင်ဒိုနီးရှားသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး တပ်ဖွဲ့မှ ဟီရိုကီဆာနိုက နောက်ထပ် နိုင်ငံတကာ ထောက်ပံ့ရေး အကူအညီများ အများအပြား လိုအပ်နေဆဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

အစိုးရ၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အင်ဒိုနီးရှားသို့ ရောက်ရှိနေသည့် နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့များသည် သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here