ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ နယ်ခြားတွင် စစ်ငင် နေပြီလော

alt

ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံ နယ်စပ်အကြား အငြင်း ပွားနေသော နေရာ၌ မြန်မာဖက်မှ ခြံစည်းရိုး ခတ်မှုကြောင့် ၂နိုင်ငံ ဆက်ဆံရေး ပြန်လည် တင်းမာ လာကာ ဘင်္ဂလားဒေ့ရှ် ဖက်မှ နယ်ခြားစောင့် ရိုင်ဖယ်တပ်

မှာ နေရာယူ တပ်စွဲ ထားလိုက်ပြီဟု သိရှိရသည်။

ယမန်နှစ် ဧပြီလတွင် မြန်မာဖက်မှ စတင်ကာ ခြံစည်းရိုး ကာမှုကြောင့် မြန်မာ နယ်ခြားတပ် (န.စ.က) နှင့် ဘင်္ဂလားဒေ့ရှ်ှ နယ်ခြားစောင့် တပ်တို့ အချင်းများခဲ့ကြပြီး နှစ်နိုင်ငံ ဆွေးနွေးပွဲများဖြင့် ညှိုနှိုင်း ရပ်နားထားခဲ့ရာ ဘင်္ဂလားဒေ့ရှ် ဖက်မှ ယခုနှစ် ဖေဖေါ်ဝါရီလတွင် နယ်ခြားစောင့် ရိုင်ဖယ် တပ်အား ထိုနေရာမှ ဆုတ်ခွာစေခဲ့ပြီး ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အမှတ် (၁၇) ရိုင်ဖယ် လက်နက်ကိုင် တပ်ရင်းမှ တပ်ရင်းမှူးမှ အေပီသတင်းဋ္ဌာန သို့ ပြောကြားချက်အရ ယခင် အပါတ်က နှစ်နိုင်ငံ နယ်ခြားအနီး မြန်မာစစ်တပ် တပ်ရင်း အသစ် ၃ရင်း ရောက်ရှိလာကြောင်း ထောက်ပြ ပြောကြားလိုက်သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နှင် မြန်မာနိုင်ငံ အကြား သဘာဝ ဓါတ်ငွေ့များ ထွက်ရာ ပင်လယ် ရေပိုင်နက်အား နယ်ခြား ပိုင်ဆိုင်မှု အချင်းများကာ တင်းမာမှုများ ဖြစ်ပွားခဲ့သေးပြီး တရုတ်ကြားဝင် စေ့စပ်၍ ပြီးစီးခဲ့ပြီး၊ ယခု ဒေသခံများ ပြောကြားချက် အရ ဘင်္ဂလားဒေ့ရှ်မှာ မြန်မာနယ်ခြား အနီး နတ်မြစ်၌ ရေတပ် စစ်စခန်း လာရောက်ဆောက်လုပ် ထားသဖြင့် မြန်မာဖက်မှ ယခုလို တပ်ရင်းများ အခိုင်အမာ လာရောက် တပ်စွဲနေခြင်း ဖြစ်သည်ဟု ယူဆကြောင်း ပြောကြားလိုက်သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်မှာ အငြင်းပွားနေရာ ထိုရေပိုင်နက် အနီး ဓါတ်ငွေ့ရှာဖွေရန် အမေရိကန် ကုမ္မဏီ Conco Philips နှင့် အိုင်ယာလန် ကုမ္မဏီ Tullow တို့နှင့် စာချုပ်ချုပ်ဆို ထားပြီ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ဖက်မှ မြန်မာသို့ နိုင်ငံတကာအား လက်ညိုး ထိုးပြသည်မှာ နယ်စပ်ဒေသတွင် မြန်မာဖက်မှ လာသော ဘိန်းဖြူ၊ မက်သာဖက်တမင်း၊ နှင့် ဒုက္ခသည် ကိစ္စရပ်များအား ပုံမှန် ပြောဆိုလေ့ ရှိပြီး၊ ယခုအခါ ဘင်္ဂလားဒေ့ရှ်တွင်  မြန်မာဖက်မှ လာသော ဒုက္ခသည် ၄သိန်းခန့် လက်ခံ ထားရကြောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here