ဒူဘိုင်း နှင့် ဆော်ဒီ သူဋ္ဌေးများ အကြား ပို့စ်မောက် အသင်း အရောင်းအဝယ်

alt

အင်္ဂလန် ပရိုင်းမီးယားလိဂ် မှ ပို့စ်မောက် အသင်းပိုင်ရှင် ဒူဘိုင်းသူဋ္ဌေး ဆူလေမန် အယ်လ်ဖါဟင် ထံမှ ဆော်ဒီ ဘီလီယံနာ အလီ အယ်လ်ဖါဂျား သည် ပို့စ်မောက် အသင်းအား

အပြီးအပြတ် ၀ယ်ယူ လိုက်ပြီ ဖြစ်ကြောင်း ယခင်အသင်း ပိုင်ဆိုင်သူ အလက်ဇန္ဒရီ ဂေဒါးမတ်မှ ယနေ့ အတည်ပြု ပြောကြား လိုက်သည်။

ဒေါက်တာ ဆူလေမန် အယ်လ်ဖါဟင် က ဇွန်လိုင်လ အတွင်းမှာပင် အသင်းအား ၀ယ်ယူ ထားခဲ့သော်လည်း ယခုအခါ အလီ အယ်လ်ဖါဂျား အား လပိုင်းများ အတွင်း ရှယ်ယာ ၉၀ ရာခိုင်နှုန်းကို လက်လွှဲ ပြန်လည်ရောင်းချ လိုက်ခြင်း ဖြစ်သည်။

အယ်ဖ်ဖါဟင် တွင် ရှယ်ယာ ၁၀ ရာခိုင်နှုန်းကျန် ရှိနေသေးသော်လည်း မည်သို့ မည်ပုံဆောင်ရွက်မည်ကို မသိရှိ ရသေးသော်လည်း အယ်လ်ဖါဟင် မှာ ဒါရိုက်တာ အဖွဲ့တွင် ပါဝင်နိုင်ခြင်း မရှိတော့ပေ။ နောက်ဆုံး စာရွက်စာတမ်း ကိစ္စရပ်များအား ယနေ့ တနင်္လာနေ့ ညတွင်လန်ဒန်၌ နောက်ဆုံးအကြိမ် အဖြစ် ဆွေးနွေးကြမည် ဖြစ်သည်ဟု သိရှိရသည်။

ယခင် အသင်းပိုင်ရှင် အလက်ဇန္ဒရီ ဂေဒါးမတ်၏ ငွေရေးကြေးရေး ဆိုင်ရာ အကြပ်အတည်းများ ဖြစ်ပွားနေချိန်တွင် ပို့စ်မောက် အသင်း၏ ပရိသတ်များမှ အသင်းအတွက် စိုးရိမ် ပူပန်ခဲ့ကြသော်လည်း ယခုအခါ ဆော်ဒီရေနံ ဘီလီယံနာ သူဋ္ဌေးကြီး အလီ အယ်လ် ဖါဂျားက ပို့စ်မောက် အသင်း အတွက် စတာလင်ပေါင် ၁၆သန်းခွဲ ရင်းနှီးမြှပ်နှံ ထားပြီဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here