Google Wave ကို လူပေါင်း တသိန်းအား စတင် အသုံးပြု ခွင့်ပေး

alt

Google သည် အောက်တိုဘာ လဆန်းမှ စတင်ပြီး လူပေါင်း တသိန်းကို ၎င်း၏ နောက်ဆုံး ထုတ်ကုန် အင်တာနက် Tool အား အသုံးပြုခွင့် ပေးလိုက်ပြီ ဖြစ်သည်။

Google Wave သည် Twitter နှင့် Facebook တို့ကဲ့သို့ ကမာ္ဘကျော် Social Networking ၀က်ဘ်ဆိုက်များ နှင့် အခြား email service များကို ယှဉ်ပြိုင်ရန် Google က တီထွင် ထားခြင်း ဖြစ်သည်။

လက်ရှိ အချိန်တွင် Google Wave ကို လူဦးရေ အကန့်အသတ်ဖြင့်သာ သုံးစွဲခွင့် ပေးထားပြီး ထိုသူများက ကမာ္ဘအနှံ့ မိတ်ဆွေများကို Invite လုပ်မှ တစထက်တစ ကျယ်ပြန့်လာရန် ရည်ရွယ်ထားသည်။

Google Wave တွင် Social Networking၊ email၊ instant messaging နှင့် web chat စသည့် ၀န်ဆောင်မှု အများအပြားကို တပေါင်းတစည်းထဲ ထည့်သွင်း ပေးထားသည်။ ထို့အပြင် ဓာတ်ပုံနှင့် အခြား Document များကိုလည်း အလွယ်တကူ Share နိုင်ရန် Google က စီစဉ် ပေးထားသည်။ Google Wave ကို လောလောဆယ်တွင် Invite အလုပ်ခံရ သူများသာ အသုံးပြုနိုင်သေးပြီး (၂၀၁၀) တွင်မူ မည်သူမဆို လွတ်လပ်စွာ Account ပြုလုပ် သုံးစွဲနိုင်တော့မည် ဖြစ်သည်။

Google မှ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်တဦး က ၎င်းတို့သည် Google Wave အား (၂၁) ရာစု၏ တခုတည်းသော အင်တာနက် ဆက်သွယ်ရေး စနစ်အဖြစ် ရပ်တည်နိုင်ရန် အထိ ရည်ရွယ်ထားကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here