အီရန်နျူ ကလီးယားဆိုင်ရာ နိုင်ငံတကာ ညှိနှိုင်းမှု တိုးတက်

alt

အီရန်နိုင်ငံ ၏ နျူကလီးယား စီမံကိန်း နှင့် ပတ်သက်သော နိုင်ငံတကာ ညှိနှိုင်းမှုများ သည် စိတ်ကျေနပ်ဖွယ် အခြေအနေဖြင့် ပြီးဆုံး သွားကြောင်း သိရှိရသည်။

အောက်တိုဘာ (၁) ရက်နေ့က ဂျနီဗာ မြို့တွင် ကျင်းပသည့် အစည်းအဝေး အတွင်း အီရန်က ၎င်းတို့၏ နျူကလီးယား လုပ်ငန်းများ အား ကုလသမဂ္ဂ တာဝန်ရှိသူများ ကို ၀င်ရောက် လေ့လာခွင့် ပေးရန် သဘောတူညီ ခဲ့သည်။

အီရန်ကိုယ်စားလှယ်အဖွဲ့က တီဟီရန်အစိုးရသည် မကြာမီတွင်ပင် ကုလသမဂ္ဂ နျူကလီးယား လေ့လာရေး ပညာရှင်များအား ဖိတ်ခေါ်သွားမည်ဟု ကတိပြုခဲ့သည်။ နျူကလီးယား ကျွမ်းကျင်ပညာရှင် ဆက်ဂျာလီလီ ဦးဆောင်သော အီရန် ကိုယ်စားလှယ် အဖွဲ့က မိမိတို့ နိုင်ငံသည် နျူကလီးယား စီမံကိန်းကို နိုင်ငံတကာနှင့် ပူးပေါင်း အကောင်အထည် ဖော်ရန် အသင့်ရှိနေကြောင်း၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ပြောဆိုသွားသည်။

ဂျာလီလီသည် အီရန်နှင့် ကမာ္ဘ့အင်အားကြီး (၆)နိုင်ငံတို့သည် အောက်တိုဘာလ အတွင်း နောက်တကြိမ် ဆွေးနွေးမှုများ ပြုလုပ်သွားရန် စဉ်းစားထားကြောင်းလည်း ပြောကြားခဲ့သည်။ မိမိတို့သည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်ထားပြီး နျူကလီးယား မပြန့်ပွားရေး စာချုပ် IAEA တွင်ပင် လက်မှတ်ရေးထိုးရန် စဉ်းစားထားကြောင်း ဂျာလီလီ က ဆိုသည်။

အမေရိကန် အပါအဝင် အနောက်အုပ်စု နိုင်ငံများကမူ အီရန်သမ္မတ မိုဟာမက် အာမက်ဒီနီဂျက်သည် နျူကလီးယားစွမ်းအင်ကို လက်နက်ထုတ်လုပ်ရေး ရည်ရွယ်ချက်ဖြင့် အသုံးချလာနိုင်ကြောင်း သံသယဖြင့် စောင့်ကြည့်နေဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here