နီပေါနိုင်ငံရှိ ခရစ်ယာန် ဘုရားကျောင်းပြိုကျမှု လူအများအပြား သေဆုံး

alt

နီပေါ နိုင်ငံတွင် ခရစ်ယာန် ဘုရားကျောင်း တခု ပြိုကျရာ လူအများ အပြား သေဆုံး ခဲ့ရကြောင်း သိရှိ ရသည်။ စက်တင်ဘာလ (၂၉) ရက် နေ့က ဒါဟာရန်မြို့ ဗစ်တိုးရီးယားချော့ ရှိ (၃)ထပ် ဘုရားကျောင်း

ပျက်စီး ပြိုကျရာ အနည်းဆုံး လူ (၂၃) ဦး သေဆုံး သွားပြီး (၆၅) ဦး ထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း Nepalnews.com က ဆိုသည်။

သေဆုံး သူများတွင် ကလေးငယ်(၄)ဦး ပါ၀င်ပြီး ဘုရားကျောင်း ပြိုကျရမှု အကြောင်းရင်းကို တိတိကျကျ မသိရသေးပေ။ ဘုရားကျောင်းမှာ ၀ါးများဖြင့် ဆောက်လုပ်ထားသော သွပ်မိုးအဆောက်အအုံဖြစ်ပြီး လူအများအပြား လာရောက်မှုကြောင့် မနိုင်ဝန်ပိပြီး ပြိုကျခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

ထို ဘုရားကျောင်းတွင် ခရစ်ယာန် ဘာသာရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဟောပြောပွဲ တခု ပြုလုပ် နေခြင်းကြောင့် အိန္ဒိယ နိုင်ငံသား အများစု ပါ၀င်သော လူပေါင်း (၁၈၀၀) ကျော်တို့သည် စက်တင်ဘာ (၂၈) ရက်နေ့ ကတည်းက စုရုံး ရောက်ရှိနေပြီး ထို လူဦးရေ၏ ဒဏ်ကို မခံနိုင်သဖြင့် ဘုရားကျောင်း ပြိုကျ သွားခြင်း ဖြစ်နိုင်ကြောင်း Nepalnews.com က ဖော်ပြ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here