အင်ဒိုနီးရှားငလျင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

alt

ညပိုင်းတွင် ရပ်နား ထားသော ကယ်ဆယ်ရေး လုပ်ငန်း များကို အောက်တိုဘာ (၂) ရက်နေ့ နံနက်ပိုင်း က ပြန်လည် စတင်နေပြီ ဖြစ်ကြောင်း

အင်ဒိုနီးရှား နိုင်ငံ ငလျင်ဒဏ်သင့် ပန်ဒန်မြို့ အုပ်ချုပ်ရေး အဖွဲ့က အတည်ပြု  ခဲ့သည်။

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်းများ က အင်အား အဆင့် (၇.၆) ရှိသော ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၀၀၀ ကျော်ပြီဟု ခန့်မှန်းထားပြီး အပျက်အစီးများ အောက် ပိတ်မိနေသူများကြောင့် နောက်ထပ် အများအပြား သေဆုံး နိုင်သေးကြောင်း ခန့်မှန်း ထားသည်။

အင်ဒိုနီးရှား အစိုးရကမူ အဆိုးဆုံးကိုသာ မျှော်လင့်ရန် ကျန်နေတော့ကြောင်း ၀န်ခံခဲ့သည်။ အင်ဒိုအစိုးရ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်က မိမိတို့သည် နိုင်ငံတကာ အကူအညီများကို မျှော်လင့်နေကြောင်း AFP သတင်းဌာနသို့ ပြောကြားသွားခဲ့သည်။ ပန်ဒန်းမြို့သည် မြို့ပျက်ကြီး တခုသဖွယ် ဖြစ်သွားခဲ့ပြီး အပျက်အစီးပုံ များအောက်မှ လူအချို့ကို အသက်ရှင်လျက် ကယ်ထုတ် နိုင်ခဲ့သော်လည်း အများအားဖြင့် အလောင်း များကိုသာ တူးဖော်တွေ့ရှိကြောင်း ကယ်ဆယ်ရေး တပ်ဖွဲ့များက ၀န်ခံခဲ့သည်။

ထို့အပြင် တူးဖော်ရေး ကိရိယာ ယန္တယားများ မလုံလောက်မှုကြောင့် လုပ်ငန်းများ နှေးကွေး နေမှုမှာလည်း အောက်တိုဘာ (၂) ရက်နေ့တွင် နိုင်ငံတကာ အထောက်အပံ့များ ရောက်ရှိလာပါက ပြေလည် သွားဖွယ်ရှိကြောင်း တာဝန်ရှိသူများက ယုံကြည် နေကြသည်။

ငလျင်ကြီးသည် စက်တင်ဘာ (၃၀)ရက် နေ့က ပန်ဒန်းမြို့အနီး ဗဟိုပြု လှုပ်ခတ်သွားခဲ့ရာ မြို့အတွင်း အခိုင်အမာ ဆောက်လုပ်ထားသော ကွန်ကရစ် အဆောက်အအုံများ အားလုံး ပျက်စီး သွားခဲ့သည်။ ထိုဒေသကို ဗဟိုပြုပြီး နောက်တရက်တွင်လည်း ငလျင်တကြိမ် ထပ်မံ လှုပ်ခတ်ခဲ့ သေးကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here