ဒုတိယ မုန်တိုင်း အတွက် ဖိလစ်ပိုင် ပြည်သူများ ပြင်ဆင်နေကြရ

alt

ဖိလစ်ပိုင် နိုင်ငံမှ ပြည်သူ များသည် ရက်ပိုင်းအတွင်း ဒုတိယအကြိမ် ကြံုတွေ့ ရမည့် မုန်တိုင်း အန္တရာယ် အတွက် ကြိုတင်ပြင်ဆင် နေကြပြီ ဖြစ်သည်။

မကြာသေးမီ ကမှ လူပေါင်း (၂၇၀) ကျော် သေကြေ ပျက်စီးစေခဲ့သည့် ကက်ဆာနာ မုန်တိုင်းကြီးနှင့် မျက်ဝါး ထင်ထင် ကြံုတွေ့ ထားရသော ဖိလစ်ပိုင် နိုင်ငံသို့ အောက်တိုဘာ (၃) ရက်နေ့တွင် ပါမား တိုင်ဖွန်းမုန်တိုင်း ၀င်ရောက် တိုက်ခတ် တော့မည် ဖြစ်သည်။

ယခုအခါ ကျွမ်းကျင် သူများက တိုင်ဖွန်း မုန်တိုင်းကြီး ကုန်းတွင်း ၀င်ရောက်မည့် နေရာအဖြစ် ကြိုတင် ခန့်မှန်းထားသော လူဇုန်ကျွန်းရှိ ဒေသခံ များမှာ ရွှေ့ပြောင်းမှုများ စတင် ပြုလုပ်နေပြီ ဖြစ်သည်။ ပါမားသည် ကုန်းတွင်း ၀င်ရောက်ချိန်တွင် အနည်းဆုံး လေတိုက်နှုန်း တနာရီလျှင် (၁၂၄)မိုင် အထိ ပြင်းထန် နေလိမ့်မည်ဟု ကျွမ်းကျင် သူများက ခန့်မှန်းထားရာ ပျက်စီး ဆုံးရှုံးမှု ပမာဏ အလွန်ကြီးမားမည့် အခြေအနေမျိုးတွင် ရှိနေသည်။

ဖိလစ်ပိုင် နိုင်ငံ၊ မိုးလေဝသ ခန့်မှန်းရေးဌာန အကြီးအကဲ နသယ်နီရယ် ခရုစ်က ပါမားသည် ရုတ်တရက် လေလမ်းကြောင်း ပြောင်းပြီး ဖိလစ်ပိုင်ကို လွဲချော်သွားသည့် အဖြစ်မျိုး မျှော်လင့်ထား မိကြောင်း ပြောဆိုခဲ့သည်။

ယခုအခါ ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေး တပ်ဖွဲ့များ၊ စစ်တပ် များမှာမူ လူဇုန်ကျွန်းသို့ ကြိုတင် ရောက်ရှိနေပြီ ဖြစ်သည်။ ပါမားသည် ယခုနှစ်အတွင်း ပစိဖိတ် သမုဒ္ဒရာတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများ အနက် အင်အား အပြင်းဆုံး မုန်တိုင်းတခု ဖြစ်လာနိုင်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here