ချမ်းသာသော နိုင်ငံမှ ကလေးငယ်များ ၂၂ရာစုကို သိမှီခွင့် ရနိုင်

alt

ယနေ့ခေတ် ချမ်းသာသော နိုင်ငံများတွင် မွေးဖွားခဲ့သည့် ကလေးငယ် များ၏ ထက်ဝက်ခန့်သည် (၂၂) ရာစုခေတ်ကို သိမှီခွင့် ရဖွယ်ရှိကြောင်း ပညာရှင် များက သုံးသပ် ပြောကြား လိုက်သည်။

အောက်တိုဘာ (၂)ရက် နေ့က ထုတ်ဝေသည့် The Lancet ဆေးပညာ ဂျာနယ်တွင် ယနေ့ခေတ် မွေးဖွားသည့် ကလေးများ၏ (၅၀) ရာခိုင်နှုန်း ခန့်သည် အသက်(၁၀၀) အထိ နေကြရဖွယ် ရှိကြောင်း ဖော်ပြထားသည်။

(၂၀) ရာစုနှစ် အတွင်းက ဖွံ့ဖြိုးပြီး နိုင်ငံများရှိ လူဦးရေ (၁၆) ရာခိုင်နှုန်းခန့်၏ ပျမ်းမျှ သက်တမ်းမှာ နှစ်ပေါင်း (၃၀) အထိ တိုးတက်လာခဲ့ပြီ ဖြစ်ကြောင်း ဒိန်းမတ် အသက်အရွယ် သုတေသန စင်တာမှ ပရော်ဖက်ဆာ ကာရီ ခရစ်စတန်ဆန် က ပြောကြားခဲ့သည်။

ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ကျန်းမာရေး စောင့်ရှောက်မှု နည်းစနစ်များ မြင့်မား လာခြင်းကြောင့် လူ့သက်တမ်းမှာ ပိုမိုရှည်လျား လာနိုင်ပြီး (၂၀၀၀) ပြည့်နှစ်မှ ယနေ့အချိန်ထိ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်၊ အမေရိန်၊ ကနေဒါ၊ ဂျပန် နှင့် အခြားသော ဖွံ့ဖြိုးပြီး နိုင်ငံများတွင် မွေးဖွားလာသော ကလေးငယ် အတော်များများသည် ၎င်းတို့၏ အသက်ရာပြည့် မွေးနေ့ပွဲကို ကျင်းပခွင့် ရရှိလိမ့်မည်ဟု ခရစ်စတန်ဆန်က ယုံကြည် နေခဲ့သည်။

ထို့အပြင် လက်ရှိ အချိန်တွင် ကမာ္ဘနှင့်အဝှမ်း အသက်ရာကျော် နေထိုင်ရသူ အရေအတွက် တိုးပွားလာခြင်း မှာလည်း ထို ယူဆချက်ကို ထောက်ခံနေကြောင်း ခရစ်စတန်ဆန်က ထောက်ပြခဲ့သည်။ သို့သော်လည်း ဂျာနယ် ထွက်လာပြီးနောက် ခရစ်စတန်ဆန် ၏ အဆိုနှင့် ပတ်သက်ပြီး ပညာရှင်များ အကြား သဘောထား ကွဲလွဲမှုများ ရှိနေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here