ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် အယူခံ ပယ်ချခံရ

alt

ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် အကျယ်ချုပ် အပြစ်ဒဏ် အတွက် အယူခံကို မြန်မာ စစ်အစိုးရ တရားရုံး က ပယ်ချ လိုက်ကြောင်း သိရှိ ရသည်။

အောက်တိုဘာ (၂)ရက် နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အား ချမှတ် ထားသည့် ပြစ်ဒဏ်အတွက် သူမ၏ ရှေ့နေများက အယူခံ ၀င်ခဲ့သော်လည်း ရေကူး ၀င်ရောက် လာသည့် အမေရိကန် နိုင်ငံသားအား လက်ခံ တွေ့ဆုံခြင်းမှာ အပြစ်ရှိသည်ဟု ဆိုကာ တရားရုံးက ပယ်ချခဲ့ခြင်း ဖြစ်သည်။

သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်း က အယူခံ ပယ်ချခံရမှုကို အတည်ပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သူမ၏ နေအိမ်တွင် နောက်နှစ် ရွေးကောက်ပွဲ ပြီးဆုံးချိန် အထိ ဆက်လက် နေထိုင်ရတော့မည် ဖြစ်သည်။

မြန်မာ စစ်အစိုးရသည် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်အား ပြီးခဲ့သည့် နှစ်(၂၀)အတွင်း (၁၄)နှစ်ကြာ တိုင်အောင် မတရား ချုပ်နှောင်ထားပြီး ဖြစ်သလို အတိုက်ခံ နိုင်ငံရေးသမား များစွာအားလည်း နိုင်ငံအဝှမ်းရှိ အကျဉ်းထောင် များတွင် မတရား ချုပ်နှောင် ထားစဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီသည် (၁၉၉၀) ပြည့်နှစ် ရွေးကောက်ပွဲတွင် မျှတစွာ အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရ ဗိုလ်ချုပ်များက အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ကာ အကြောင်း အမျိုးမျိုးပြပြီး ယနေ့တိုင် နှစ်ရှည်လများ ဖမ်းဆီး ထိန်းသိမ်း ထားခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here