ဖာဘရီဂက် အား ခေါ်ယူရန် ဘာစီလိုနာ ကွင်းလယ်လူ တိုက်တွန်း

alt

ဘာစီလိုနာ အသင်း အာဏာပိုင်များ အနေနှင့် ဆက်ဖာဘရီဂက် အား စာချုပ် ချုပ်ဆို ခေါ်ယူရန် ကွင်းလယ်လူ ဇာဗီ ဟာနန်ဒက် က တိုက်တွန်း လိုက်သည်။

အသက် (၂၉)နှစ်ရှိ ဇာဗီက ၎င်းသည် စပိန်လက်ရွေးစင် အသင်း ကစားဖော် ဖာဘရီဂက် နှင့် ဘာစီလိုနာ တွင်လည်း အတူတကွ တွဲကစားခွင့် ရရေး အမြဲ စိတ်ကူးယဉ် နေမိကြောင်း ၀န်ခံ ခဲ့သည်။

အသက် (၂၂)နှစ်ရှိ ဖာဘရီဂက်သည် ဘာစီလိုနာ၏ လူငယ် စီမံကိန်းမှ ပေါ်ထွက်လာသော ကစားသမား တဦး ဖြစ်သော်လည်း အင်္ဂလန် ကလပ် အာဆင်နယ် သို့ ပြောင်းရွှေ့သွားပြီး ယခုအခါ အသင်း ကပ္ပတိန် ရာထူးကို ရယူပြီး ကမာ္ဘ့အကောင်းဆုံး ကွင်းလယ် ဖန်တီးရှင် တဦးအဖြစ် ရပ်တည်လျှက် ရှိသည်။

ဖာဘရီဂက် သည် ကမာ္ဘ့ အကောင်းဆုံးအသင်း ဘာစီလိုနာ နှင့် ခြွင်းချက်မရှိ ထိုက်တန်သော ကစားသမား ဖြစ်သည်ဟု ဇာဗီက ချီးကျူး ခဲ့သည်။ ဖာဘရီဂက် ကိုယ်တိုင်ကလည်း ၎င်းအနေနှင့် တနေ့နေ့ တချိန်ချိန်တွင် အသင်းဟောင်းသို့ ပြန်သွားလိုကြောင်း ၀န်ခံထားပြီး ဘာစီလိုနာ အာဏာပိုင် များကလည်း ၎င်းအား စာချုပ်ခေါ်ယူရန် စိတ်ဝင်စားလျှက် ရှိနေကြပြီ ဖြစ်သည်။

အခြားသော သတင်းများအရ ယခုနှစ် ဘောလုံးရာသီတွင် အာဆင်နယ် အသင်း အဓိက ဆုဖလား တခုခု မဆွတ်ခူး နိုင်ပါက ၎င်းတို့၏ အဓိက ကစားသမားကို ဆက်ထိန်း ထားနိုင်ဖွယ် မရှိဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here