ပါကစ္စတန် တာလီဘန် ခေါင်းဆောင်၏ညီ အသေ ဖမ်းဆီးရမိဟု ကြေညာ

alt

ပါကစ္စတန် စစ်ဘက်က နိုင်ငံတွင်း အခြေစိုက်သည့် တာလီဘန် ခေါင်းဆောင်၏ ညီ ဖြစ်သူအား အသေဖမ်းဆီး နိုင်ခဲ့ကြောင်း ထုတ်ပြန် ကြေညာ လိုက်သည်။

တာလီဘန် ခေါင်းဆောင် ဟာကီမူလာ မာဆက် ၏ ညီဖြစ်သူ ကာလီမူလာ မာဆက် သည် စစ်တပ်နှင့် အပြန်အလှန် ဖြစ်ပွားသော တိုက်ခိုက်မှုများ အတွင်း သေဆုံးသွားကြောင်း စစ်ဘက် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တဦးက အတည်ပြု ခဲ့သည်။

ထို့အပြင် ပါကစ္စတန် တပ်ဖွဲ့များသည် မြောက်ပိုင်း ၀ါဇီရစ်စတန်ရှိ တာလီဘန် တို့အား တိုက်ခိုက် ချေမှုန်းရာတွင် တစထက် တစ စစ်ရေး အသာရလာကြောင်း စစ်ဘက် ထောက်လှမ်းရေးက အတည်ပြုခဲ့သည်။ စက်တင်ဘာ (၂၈)ရက် နေ့က ကာလီမူလာအား အသေဖမ်းဆီး ရမိသော တိုက်ပွဲမှာ မြောက်ပိုင်း ၀ါဇီရစ်စတန်ဒေသ၊ ရက်ဇမက် မြို့တွင် ဖြစ်ပွားခဲ့ပြီး စစ်သားတဦး သေဆုံးကာ (၅)ဦး ဒဏ်ရာ ရခဲ့သည်။

တာလီဘန် တပ်ဖွဲ့များက ဒုံးကျည်ဖြင့် စတင် ပစ်ခတ်ရာမှ တိုက်ပွဲ စတင်ခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ရာတွင် ကာလီမူလာ အပါအဝင် စစ်သွေးကြွ(၇)ဦး သေဆုံးခဲ့ ရသည်။ အသက်(၃၀) အရွယ် ကာလီမူလာ သေဆုံး သွားခြင်းကြောင့် မာဆက် ညီအစ်ကို (၃)ဦး အနက် ဟာကီမူလာ တဦးတည်းသာ အသက်ရှင်တော့ပြီး ဘေတူလာ မာဆက် မှာလည်း ဩဂုတ် (၅)ရက်နေ့က အမေရိကန် စစ်ဘက်မှ ပစ်ခတ်သော ဒုံးကျည် ထိမှန်ပြီး သေဆုံးခဲ့ပြီ ဖြစ်သည်။

ပါကစ္စတန် အစိုးရသည် နိုင်ငံအတွင်း ပြီးခဲ့သည့် နှစ်ပိုင်းများက ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုနှင့် အသေခံဗုံးခွဲမှု (၂၇၀)ကျော်အတွက် တာဝန်ရှိသူများ အဖြစ် မာဆက်ညီအစ်ကို (၃)ဦးအား ပြစ်တင် စွပ်စွဲထားကြောင်း သတင်းရရှိသည်။ 

 

LEAVE A REPLY

Please enter your comment!
Please enter your name here