မက်ဒေါနား၏ သမီးဖြစ်သူ ရုပ်ရှင်မင်းသမီး ဖြစ်ချင်နေ

alt

မက်ဒေါနား က သူမ၏ သမီးသည် ရုပ်ရှင် မင်းသမီး ဖြစ်ချင်သည့် ဆန္ဒ ပြင်းပြ နေကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

အသက် (၅၁)နှစ်ရှိ မက်ဒေါနား ၏ (၁၂)နှစ် အရွယ် သမီးငယ် လောဒရက် လီယွန် သည် သူမ၏ မိခင်ကို အားကျပြီး စူပါစတား အဆိုတော် တယောက် ဖြစ်လာချင်သော ဆန္ဒမျိုး မရှိဟုလည်း သိရှိရသည်။

မက်ဒေါနားက လောဒရက် သည် သီချင်းဆိုရန် တခါမှ စိတ်မဝင်စားခဲ့ဘဲ သရုပ်ဆောင် အလုပ်ကိုသာ မေးမြန်း စပ်စုလေ့ ရှိကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

လောဒရက်သည် ပညာရေး ဆုံးခန်းတိုင်သည် နှင့် သရုပ်ဆောင် လောကထဲ ၀င်ရောက် လာဖွယ်ရှိကြောင်း Pop ဘုရင်မကြီးက ဆိုသည်။ ထိုသို့ ဖြစ်လာလျှင်လည်း သူမအနေနှင့် သဘောကျကြောင်း၊ သို့သော်လည်း ကျောင်းပညာရေး ဘက်ကို လောလောဆယ် အာရုံ ၀င်စားစေချင်ကြောင်း မက်ဒေါနားက ထုတ်ဖော် ပြောဆိုသွားသည်။

မက်ဒေါနား သည် သူမ၏လက်ရှိ ချစ်သူဖြစ်သည့် အသက်(၂၂)နှစ် အရွယ် ဘရာဇီးမော်ဒယ် ဂျီးဇက်လက်စ် နှင့် လက်ထပ်တော့မည် ဟုလည်း ဟောလီးဝုဒ် သတင်းရပ်ကွက်၌ သတင်းကြီးလျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here