မြန်မာ စစ်အစိုးရ နှင့် ဆွေးနွေးမှု ပြုရန် စီစဉ်ခြင်းမှာ ပိတ်ဆို့မှု လျှော့ချပေးခြင်း မဟုတ်ဟုဆို

alt

မြန်မာ နိုင်ငံနှင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင် နေခြင်းသည် မြန်မာ နိုင်ငံအား ပိတ်ဆို့ ထားမှုများအား လျှော့ချ ပေးလိုက်ရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း အမေရိကန် အစိုးရက ကြေညာ လိုက်သည်။

စက်တင်ဘာ (၃၀)ရက် နေ့က သမ္မတ ဘာရက်အိုဘားမား အစိုးရ၏ ကြေညာချက်တွင် မိမိတို့သည် မြန်မာနိုင်ငံ စစ်အစိုးရနှင့် တိုက်ရိုက်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေစဉ် အတွင်း ပိတ်ဆို့မှုများကို လျှော့ချ ပေးသွားရန် လုံးဝ မရည်ရွယ်ကြောင်း ပါရှိသည်။

ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ကတ်(ထ်) ကင်းဘဲလ် က မြန်မာနိုင်ငံသည် အမေရိကန် အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီးပါက ဒီမိုကရေစီ ပြောင်းလဲရေး စီမံကိန်း တရပ်ကို စတင် အကောင်အထည် မဖော်ခဲ့လျှင် အမှားတခုကို ကျူးလွန်ရာ ရောက်သွားမည် ဟုလည်း သတိပေး ပြောကြားသွားခဲ့သည်။

မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ဖူးသော ဗာဂျီးနီးယား ပြည်နယ်၊ လွှတ်တော်အမတ် ဂျင်ဝက်ဘ် က အမေရိကန်သည် မြန်မာ စစ်အစိုးရနှင့် ဆက်ဆံရာတွင် ပိုမိုကောင်းမွန်သော ချဉ်းကပ်မှုမျိုး ပြုလုပ် နိုင်မည်ဟု မျှော်လင့်ထားကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

၀က်ဘ်က ကင်းဘဲအား မြန်မာ စစ်အစိုးရ ဗိုလ်ချုပ် များအား အပြောင်းအလဲများ ပြုလုပ်ရေး တောင်းဆိုရာတွင် အကန့်အသတ်များ ရှိနေ လိမ့်မည်ဟု ထောက်ပြ ပြောဆိုသွားခဲ့ သေးသည်။ မြန်မာကဲ့သို့ တကမာ္ဘလုံးနှင့် သီးခြား ရပ်တည်နေသော နိုင်ငံတခုမှ အစိုးရအား ဆက်ဆံရာတွင် ပုံစံအားဖြင့် ကွဲလွဲနေမည်ကို သတိပြုသင့်ကြောင်း၊ မြန်မာ အစိုးရသည် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် အားနည်းလှ သဖြင့် ၎င်းတို့အား ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် ချောမွေ့ အဆင်ပြေမည်မှာ မသေချာကြောင်း ၀က်ဘ်က ၎င်း၏အမြင်အား သုံးသပ် ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here