ဂျက်စတင် တင်းဘားလိတ် စုံတွဲ လမ်းခွဲ သတင်းများ မဟုတ်မှန်

alt

ဂျက်စတင် တင်းဘားလိတ် နှင့် ဂျက်စီကာဘေး တို့ ချစ်သူနှစ်ဦး လမ်းခွဲ လိုက်ပြီဆိုသော သတင်းများမှာ လုံးဝ မဟုတ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူ များက တုန့်ပြန် ပြောကြား သွားခဲ့သည်။

မူလက တင်းဘားလိတ် သည် အဆိုတော်မလေး ရီဟာနာ နှင့် ဇာတ်လမ်း ရှုပ်နေသဖြင့် ဘေး အား စွန့်ခွာရန် ပြင်ဆင်နေကြောင်း သတင်းကြီး လာသဖြင့် နာမည်ကြီး စုံတွဲ၏ မိတ်ဆွေများက ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

US မဂ္ဂဇင်းက ရှေးဦးစွာ တင်းဘားလိတ် သည် ဘေးအား လမ်းခွဲစကား ပြောကြားခဲ့ သလို အတူ မနေတော့ကြောင်း ဖော်ပြခဲ့ပြီး Star မဂ္ဂဇင်းကပါ တင်းဘားလိတ် နှင့် ရီဟာနာတို့ ချစ်သူများ ဖြစ်နေကြောင်း၊ ထို့ကြောင့်လည်း တင်းဘားလိတ်က လက်ရှိ ချစ်သူဘေးအား အဆက်ဖြတ်ရန် လုံးပမ်း နေကြောင်း မီးလောင်ရာ လေပင့် ဖော်ပြခဲ့သည်။

ထိုကိစ္စအား ဘေးရော၊ တင်းဘားလိတ်ပါ မဖြေရှင်းခဲ့ရာ ပရိသတ်များ အတွက် ပိုမို သံသယဝင်စရာ ဖြစ်လာခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ အရင်းနှီးဆုံး သူငယ်ချင်းများက တင်းဘားလိတ် တို့သည် ဖြေရှင်းစရာ မလိုသော အခြေအမြစ် မရှိသည့် သတင်းများ ဖြစ်နေသောကြောင့် မဖြေရှင်းခြင်းဟု ပြောကြားခဲ့သည်။

ထို့အပြင် တင်းဘားလိတ် ရော၊ ဘေးပါ ချစ်ချစ်ခင်ခင် နှင့် အတူနေထိုင်ဆဲ ဖြစ်ကြောင်းလည်း ၎င်းတို့၏ မိတ်ဆွေများက အတည်ပြု ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here