ဒေါ်အောင်ဆန်းစုကြည် အတွက် အယူခံအပေါ် ရှေ့နေများ မျှော်လင့်ချက် ကြီးနေကြ

alt

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေ များက ၎င်းတို့သည် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ကျခံ နေရသော နေအိမ် အကျယ်ချုပ် အပြစ်ဒဏ် (၁၈)လ အတွက် အယူခံ ၀င်မှုအပေါ်

မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိ နေကြကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံယက်ထော ပြဿနာကြောင့် ထပ်တိုး အပြစ်ဒဏ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် အတွက် မိမိတို့ အစွမ်းကုန် ကြိုးစားထားပြီး အကောင်းဆုံး ကိုလည်း မျှော်လင့်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေနှင့် NLD ပါတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြား သွားခဲ့သည်။

၎င်းနှင့် အခြား ရှေ့နေများသည် ဒေါ်အောင်ဆန်းစုကြည် ၏ အပြစ်ဒဏ်ကို လျှော့ပေါ့ နိုင်ရေးအတွက် အယူခံ ၀င်ထားပြီး တရားသူကြီး များသည် ထိုအယူခံ ကိစ္စအတွက် အတည်ပြု ဆုံးဖြတ်ချက်ကို အောက်တိုဘာ (၂)ရက် နေ့တွင် ထုတ်ပြန် ကြေညာမည် ဖြစ်သည်။ ၎င်းတို့ အနေနှင့် အကောင်းဆုံး ပြင်ဆင်မှုများဖြင့် အယူခံ ၀င်ခဲ့ကြောင်း၊ တရားရုံး အနေနှင့် ဒေါ်အောင်ဆန်းစုကြည် အား ချက်ချင်း လွတ်လပ်ခွင့် ပေးရေးကိုပင် မျှော်လင့်ကြောင်း ဦးဉာဏ်ဝင်း က ဆိုသည်။

မြန်မာ စစ်အစိုးရသည် အသက် (၆၄)နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည် အား နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ် ချမှတ်ထားခဲ့ပြီး ဖြစ်ကာ ယက်ထော ပြဿနာကြောင့် ယခုကဲ့သို့ နောက်တိုးပြစ်ဒဏ် ဖြည့်စွက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ ဘာရက်အိုးဘားမား ၏ မြန်မာ စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တိုက်ရိုက်ဆွေးနွေး ညှိနှိုင်းလိုသော ဆန္ဒကြောင့်လည်း မြန်မာ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင်၏ လွတ်မြောက်ရေးမှာ မျှော်လင့်ချက် ရောင်ခြည် ပိုမို လင်းဖြာ လာကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here