တာချီလိတ်တွင် စိတ်ကြွမူးယစ် ဆေးပြား သိန်းနှင့်ချီ ဖမ်းဆီးရမိခဲ့

alt

မြန်မာ နိုင်ငံမှ မူးယစ်ဆေးဝါး ထိန်းသိမ်းရေး အာဏာပိုင် များသည် ရှမ်းပြည်နယ် အရှေ့ဘက် နယ်စပ်မြို့ တာချီလိတ် တွင် စိတ်ကြွမူးယစ် ဆေးပြား (၃)သိန်း ကျော်ကို

စက်တင်ဘာ လ အတွင်းက ဖမ်းဆီး ရမိ ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာ (၁)ရက် နေ့က WY တံဆိပ် ဆေးပြား (၃၇၄၀၀၀) ကို ရှမ်းပြည်နယ်၊ တာချီလိတ် မြို့တွင် ပြီးခဲ့သည့် သီတင်းပါတ် အတွင်း မူးယစ်ဆေးဝါး ကုန်သည် (၈)ဦးနှင့် အတူ ဖမ်းဆီး ရမိကြောင်း ဗဟို မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကော်မတီက ကြေညာခဲ့ကြောင်း တရုတ်နိုင်ငံ၊ ဆင်ဟွာ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

စက်တင်ဘာ (၁၁)ရက် နေ့ကလည်း ဒေသခံ တာဝန် ရှိသူများသည် သီးခြား ဖမ်းဆီးမှု (၂)ခုမှ စိတ်ကြွဆေးပြား (၂.၈)သန်း ကျော်ကို ဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့သည်။ မိုင်းဆတ် မှ တာချီလိတ် သို့ ဦးတည်လာသော Hilux ကားတစင်း ထဲတွင် ဆေးပြားများကို တွေ့ရှိခဲ့သလို လွယ်ဒေါ်ခမ်း မြို့အဝင်ဂိတ် အနီး အိမ်တလုံး တွင်လည်း ကျည်ဆန်များ၊ လက်ပစ်ဗုံးများ၊ နိုင်ငံခြား ငွေစက္ကူများနှင့် အတူ စိတ်ကြွဆေးပြား များကို သိမ်းဆည်း ရမိခဲ့သည်။

မြန်မာ စစ်အစိုးရ တာဝန် ရှိသူများသည် ယင်းအမှု (၂)ခုနှင့် ဆက်စပ်နေသူ (၆)ဦး ကိုလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ မြန်မာ နိုင်ငံသည် ဩဂုတ်လ အတွင်း မူးယစ်ဆေးဝါး ဆက်စပ်မှုခင်း (၂၃၀)ကို ဖော်ထုတ်နိုင်ခဲ့ပြီး အမျိုးသမီး (၅၇)ဦး အပါအဝင် တရားခံ (၃၅၅) ဦးအား ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here