စီရော်နာဒို အား ပက်ထရစ်အဲဗရာ ချီးကျူးစကား ဆို

alt

မိမိ ၏ မန်ချက်စတာ ယူနိုက်တက် ကစားဖော် ဟောင်း ခရစ္စတီယာနို ရော်နာဒို သည် အလွန် ပရော်ဖက် ရှင်နယ် ပီသသူ ဖြစ်ကြောင်း ယူနိုက်တက် နောက်ခံလူ ပက်ထရစ် အဲဗရာက ချီးကျူး လိုက်သည်။

ပြင်သစ် လက်ရွေးစင် ခံစစ်မှူးက ကမာ္ဘ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရီးရဲလ် မက်ဒရစ်သို့ ရောက်ရှိသွားသည့် ရော်နာဒိုသည် ကြံုရာ အသင်းတွင် အကောင်းဆုံး ခြေစွမ်း ပြနိုင်သူဟု ပြောကြားခဲ့သည်။

ရော်နာဒိုသည် စပိန်ကလပ်သို့ ရောက်ရှိ လာပြီးနောက် အသင်း၏ ဂိုးသွင်း အများဆုံး ဘောလုံးသမား အဖြစ် ရပ်တည်နိုင်သည် အထိ အလျင်အမြန် ခြေစွမ်း ပြလာသည်။

ထို့အပြင် ရော်နာဒိုသည် ကွင်းပြင်ဘဝတွင် မည်သို့သော ပုံစံမျိုး နေထိုင်သည် ဖြစ်စေ၊ ဘောလုံးကွင်း အတွင်း ခြေစွမ်းကို မထိခိုက်အောင် ဆင်ခြင်တတ်သည့် ပရော်ဖက်ရှင်နယ် ကစားသမား ကောင်းဟု ထောက်ပြ ခဲ့သည်။

ရော်နာဒို အနေနှင့် မိန်းကလေးများနှင့် ဇာတ်လမ်း ရှုပ်တတ်သလို အဝတ်အစား နှင့် ဖက်ရှင် ကဏ္ဍဘက်တွင် အာရုံ ရောက်နေသည့်တိုင် ကစားသည့် ပွဲတိုင်း ခြေစွမ်း ပြနေသည်မှာ အံ့ဩစရာပင် ဖြစ်သည်ဟု အဲဗရာ က ဆိုသည်။

ထို့အပြင် ရော်နာဒိုသည် လက်ရှိ ပိုင်ဆိုင်ထားသော ကမာ္ဘ့အကောင်းဆုံး ဘောလုံး သမားဆုနှင့် အငြင်းပွားဖွယ်ရာ မရှိအောင် ထိုက်တန်ကြောင်း အဲဗရာက ဂုဏ်ပြု ပြောဆိုခဲ့သည်။ ထို့အပြင် အခွင့်အရေးသာ ရမည်ဆိုပါက ယခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ယူနိုက်တက် နှင့် ရော်နာဒို လက်ရှိ ကစားနေသော ရီးရဲလ် အသင်းတို့ကို တွေ့ဆုံ စေလိုသည်ဟုလည်း အဲဗရာက ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here