အနှစ်(၆၀)ပြည့် တရုတ်အမျိုးသားနေ့ ခမ်းနားစွာ ကျင်းပပြုလုပ်

alt

အောက်တိုဘာလ (၁)ရက် နေ့က ကျရောက်သော အမျိုးသားနေ့ တွင် တရုတ် နိုင်ငံသည် ၎င်းတို့၏ စစ်အင်အားကို အထူးအလေးထား ပြသ သွားခဲ့ကြသည် ကို တွေ့မြင် ကြရသည်။

ဘေဂျင်း မြို့တော် လမ်းမများတွင် ချီတက်ခဲ့သည့် စစ်ရေးပြပွဲ အခမ်း အနား အတွင်း ထောင်ပေါင်း များစွာသော စစ်သည်များ ၀င်ရောက် ဆင်နွှဲခဲ့သလို နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များကို တင်ဆောင် လာသည့် ထရပ်ကားကြီး များနှင့် တင့်ကားများလည်း ပါ၀င် ချီတက်ခဲ့သေး၏။

တီယန်နန်မင် ရင်ပြင်သို့ ထိုနေ့နံနက် အစောပိုင်းက ချီတက်ခဲ့သော စစ်အင်အား ပြပွဲနှင့် နှစ်(၆၀)ပြည့် အမျိုးသားနေ့ အခမ်းအနားသို့ ဖိတ်ကြား ထားသည့် ဧည့်သည်တော် (၃၀၀၀၀) ကျော် တက်ရောက် ခဲ့သည်။

အခြား ဘေဂျင်းမြို့ခံ ပြည်သူများမှာမူ စစ်ရေးပြ ချီတက်ပွဲ ကျင်းပရာ နေရာမှ (၃)ကီလိုမီတာ အကွာအဝေး အထိသာ လာရောက်ခွင့် ရရှိခဲ့သည်။ ချီတက်ပွဲတွင် ပြောင်ပြောင်လက်လက် ရာထူးတံဆိပ်များကို ၀တ်ဆင်ထားသော တရုတ်စစ်သည် များသည် ညီညာစွာ လျှောက်လှမ်း သွားကြသည်။ ထို့အပြင် ပို၍ စိတ်ဝင်စားစရာကောင်းသော မြင်ကွင်းအဖြစ် မီနီစကက် အတိုလေးများဖြင့် ချီတက်သွားသော တရုတ် စစ်သမီးများကိုလည်း ရှုမြင် နိုင်မည်ဖြစ်သည်။

(၂၀၀၈) ခုနှစ်၊ အိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပရာ အိုလံပစ် အားကစားကွင်းကြီး အနီးတွင်လည်း ကမာ္ဘပတ်လမ်း အတွင်း ပထမဆုံး အကြိမ် လမ်းထွက် လျှောက်နိုင်ခဲ့သည့် အာကာသ သူရဲကောင်းများက စစ်သည်များကို လက်ပြ နှုတ်ဆက် ခဲ့ကြရသည်ကို တွေ့မြင်ရသည်။ အမျိုးသားနေ့ အခမ်းအနားကို သေနတ်အချက် (၆၀)ပစ် ဖောက်ကာ စတင်ခဲ့ပြီးနောက် သမ္မတ ဟူကျင်တောင် ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြား သွားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here