အီရန် နိုင်ငံအား အရေးယူ ပိတ်ဆို့မှု အသစ်များ ချမှတ်ရန် အမေရိကန် ပြင်ဆင်

alt

အမေရိကန် အစိုးရသည် အီရန် နိုင်ငံအား ပိတ်ဆို့မှု အသစ်များ ပြုလုပ် သွားရန် စီစဉ် နေကြောင်း သိရှိရသည်။

သမ္မတ ဘာရက်အိုဘားမား သည် အီရန်အား စွမ်းအင်၊ ငွေကြေးနှင့် ဆက်သွယ်ရေး ကဏ္ဍများ အတွက် ပိတ်ပင်မှုများ ပြုလုပ်ရန် စဉ်းစား နေကြောင်း အမေရိကန် အစိုးရအဖွဲ့ ထိပ်တန်း တာဝန်ခံများက ဆိုသည်။

အမေရိကန်သည် အီရန်အပေါ် နိုင်ငံတကာ ပိတ်ပင်မှု များတွင် ပူးပေါင်း ဆောင်ရွက်မည့် အပြင် အထက်ပါ ကဏ္ဍ များတွင်လည်း မိမိတနိုင်ငံတည်း သီးသန့် ပိတ်ပင်သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

အီရန်၏ တာတိုပစ် ဒုံးကျည်များ ပြီးခဲ့သည့် သီတင်းပါတ် အကုန်က စမ်းသပ် ပစ်လွှတ်မှုအပြီး ယခု ပိတ်ဆို့မှု စီမံကိန်းအား တိုးမြှင့်ရန် အမေရိကန် အစိုးရက စဉ်းစားလာခြင်း ဖြစ်သည်။ အီရန်၏ ဒုံးကျည် များသည် အနုမြူထိပ်ဖူး တပ်ဆင်ထားခြင်း မရှိသေးသော်လည်း ၎င်း၏ ယူရေနီယမ် ရင်းမြစ် ကြွယ်ဝမှုကြောင့် အချိန် အတိုင်းအတာ တခုအတွင်း ထိုလက်နက်များ ထုတ်လုပ် လာနိုင်မည်ကို နိုင်ငံတကာ က စိုးရိမ် နေကြရသည်။

အမေရိကန်သည် နိုဝင်ဘာလ အလယ်တွင် အီရန်နှင့် နျူကလီးယား အရေး ပွင့်လင်းစွာ ဆွေးနွေးရန် တောင်းဆို သွားမည်ဖြစ်ပြီး ထိုကမ်းလှမ်းမှုအား အီရန်ဘက်မှ ငြင်းဆန်သွားပါက အမေရိကန် နှင့်အတူ မိတ်ဆွေ နိုင်ငံများကပါ အကြီးအကျယ် ပိတ်ပင်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here