ပစိဖိတ် သမုဒ္ဒရာအတွင်း ဆူနာမီ ရေလှိုင်းများ ဖြစ်ပွားခဲ့

alt

ပစိဖိတ် သမုဒ္ဒရာ အတွင်း လှုပ်ခတ် သွားသည့် အင်အား ပြင်းထန်လှသော ငလျင်တခုကြောင့် ဩစတြေးလျ နှင့် နယူးဇီလန် နိုင်ငံအနီး ဆမိုအာ နှင့် အမေရိကန် ဆမိုအာ တို့တွင် ဆူနာမီ လူသတ် ရေလှိုင်းကြီးများ ပေါ်ပေါက်

လာပြီး ဒါဇင်နှင့်ချီ သေဆုံးခဲ့ကြ ရကြောင်း သိရှိရသည်။

စက်တင်ဘာ (၂၉)ရက်နေ့ နံနက် အစောပိုင်းက ဖြစ်ပွားခဲ့သော ဆူနာမီ ရေလှိုင်းများ မတိုင်မီ ပစိဖိတ် ဆူနာမီ စောင့်ကြည့်ရေး အဖွဲ့က ကြိုတင် တပ်လှန့်ခဲ့သဖြင့် ကမ်းခြေဒေသတွင် နေထိုင်သူ အတော် များများမှာ ဘေးလွတ်ရာ ကုန်းမြင့်များသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

ဖာဂါတိုအာ ဒေသရှိ အဓိက လမ်းမကြီးများနှင့် လူနေ ရပ်ကွက်များတွင် ရေလှိုင်းများ ၀င်ရောက် ရိုက်ခတ်ခဲ့ပြီး ရပ်နားထားသော စက်လှေအချို့ မှာလည်း ကုန်းပေါ်အထိ ရောက်ရှိ လာခဲ့သည်။ အမေရိကန် ဆမိုအာ တွင် အနည်းဆုံး လူ(၂၀)မျှ သေဆုံးကြောင်း အစိုးရက ကြေညာထားပြီး လျှပ်စစ်မီး များလည်း ပြတ်တောက် သွားကြောင်း သိရှိရသည်။

လှုပ်ခတ်သွားသော ငလျင်ကြီးမှာ ပြင်းအားအဆင့် (၈.၀) နှင့် (၈.၃)ကြား အထိ ရှိနေပြီး တူတူလီနာကျွန်းမှ ကျေးရွာ(၄)ခုတွင် လူ(၁၉) ဦးထက်မနည်း သေဆုံးရပြီး၊ ဆမိုအာရော၊ အမေရိကန် ဆမိုအာ တို့ပါ ကျွန်းနိုင်ငံလေးများ ဖြစ်ပြီး ငါးဖမ်းလုပ်ငန်းဖြင့် အဓိက အသက်မွေးလျှက် ရှိကြသဖြင့် နေအိမ်များကို ကမ်းစပ်တွင် အဓိက ဆောက်လုပ်ထားရာ အိမ်ခြေ (၆၅၀၀၀)ကျော် ပျက်စီးခဲ့ရသည်။

ဆမိုအာနှင့် အမေရိကန် ဆမိုအာ နှစ်နိုင်ငံလုံးမှ ဒေသခံများသည် ငလျင်၏ လှုပ်ရှားမှုကို (၂)မိနစ်မှ (၃)မိနစ် ကြာအောင် တွေ့ထိ ခံစားခဲ့ရသည်ဟု သိရသည်။ အမေရိကန် ဆမိုအာသို့ ရိုက်ခတ်ခဲ့သော ဆူနာမီ ရေလှိုင်းများသည် ငလျင်လှုပ်ပြီး (၂၅)မိနစ် အကြာတွင်ပင် ရောက်ရှိလာခဲ့ပြီး ထိုအချိန်သည် (၂၀၀၄)ခုနှစ်၊ ဒီဇင်ဘာလက ဖြစ်ပွားခဲ့သည့် ကမာ္ဘကျော် ဆူနာမီ ရေလှိုင်းများ ငလျင်လှုပ်ပြီး ပေါ်ပေါက်လာသည့် အချိန်နှင့် တူညီသည်။

ထိုစဉ်က အရှေ့တောင် အာရှဒေသ (၁၁)နိုင်ငံတွင် လူပေါင်း(၂၃၀၀၀၀) ကျော်ကို သေဆုံးစေခဲ့သည့် သမိုင်းတွင် အဆိုးရွားဆုံး လူသတ် ရေလှိုင်းများကို ဖြစ်ပေါ်စေခဲ့သော ငလျင်ကြီးအား ပြင်းအားအဆင့် (၉) ၀န်းကျင်ရှိကြောင်း သတ်မှတ် ထားသော်လည်း ငလျင် ပညာရှင်များက ထိုထက်(၁၀)ဆမျှ ပြင်းအား ပိုများခဲ့ကြောင်း ခန့်မှန်းထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here