ရီးရဲလ်အသင်း အကောင်းဆုံး ခြေစွမ်းရရန် အချိန် လိုအပ်သေးကြောင်း တိုက်စစ်မှူး ပြောကြား

alt

မိမိ တို့အသင်း အနေနှင့် အကောင်းဆုံး ခြေစွမ်းရရှိ နိုင်ရန် အချိန်လိုအပ် နေသေး ကြောင်း ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူရင်း က ပြောကြား လိုက်သည်။

ယမန်နှစ်က အောင်မြင်မှု များနှင့် ဝေးကွာခဲ့ သဖြင့် ယခုနှစ် အင်တိုက် အားတိုက် ပြင်ဆင်ခဲ့သည့် အသင်း၏ ဆောင်ရွက်ချက် အပေါ် ပရိသတ်များ မျှော်လင့်ချက် ထားနေသည်ကို နားလည်ကြောင်း၊ သို့သော်လည်း အသင်းမှ အသစ် ၀ယ်ယူထားသည့် ကစားသမားများ အချိတ်အဆက် မိမိ ခြေစွမ်းပြ နိုင်ရန် အချိန်လိုနေ သေးကြောင်း အာဂျင်တီးနား လက်ရွေးစင် က ဆိုသည်။

ရောဂွန်ဇာလက်၊ ခရစ်စတီယာနို ရော်နာဒို၊ ကာရင် ဘန်ဇီးမား၊ အက်စတာဘန် ဂရန်နီယို တို့သည် အသင်းအတွင်း သီးခြား ကွဲထွက် ကစားနေကြကြောင်း ပရိသတ်များ၏ စွပ်စွဲမှုများနှင့် ပတ်သက်ပြီး မိမိတို့ ကစားသမား များအကြား နားလည်မှု အပိုင်းတွင် လိုအပ်ချက်များ ရှိနေ ပါသေးသည်ဟု အသက်(၂၄)နှစ် အရွယ် ဟီဂူရင်းက ၀န်ခံခဲ့သည်။

သို့သော်လည်း နည်းပြမန်နျူရယ် ပက်ဂလီယာနီ ၏ လက်အောက်တွင် စုစုစည်းစည်း နှင့် အကောင်းဆုံး ခြေစွမ်းကို ရီးရဲလ် ကစားသမားများ ပြသ နိုင်လိမ့်မည်ဟု ဟီဂူရင်းက ကတိပြုခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဘောလုံးပွဲစဉ် တခုအတွင်း လူစား လဲခံရချိန်တွင် နည်းပြအား လက်ဆွဲ နှုတ်ဆက်ရန် ငြင်းဆန်ခဲ့သော ရော်နာဒို ၏ လုပ်ရပ်အား ဟီဂူရင်း က ကာကွယ်ခဲ့ပြီး ထိုအချိန်က ပေါ်တူဂီ လက်ရွေးစင်သည် ဒေါသ ပေါက်ကွဲနေခြင်း မရှိဟု ပြောဆိုသွားသည်။

လက်ရှိ အချိန်တွင် အသင်း၏ ကစားဟန်အတွက် ထောက်ပြစရာများ ရှိနေသေးသော်လည်း မကြာမီ အချိန်အတွင်း အကောင်းဆုံး အောင်မြင်မှုများ ရယူပေးရန် ကစားသမားတိုင်း ခြေစွမ်း ပြလာမည် ဖြစ်ကြောင်း၊ ပရိသတ် အနေနှင့် ထိုအချိန် အထိ သည်းခံ စောင့်ဆိုင်း သင့်ကြောင်း ဟီဂူရင်းက ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here