လိင်အင်္ဂါ ကြီးထွားသည့် အမျိုးသားများ ကိုယ်ရေကိုယ်သွေး ပိုမို မြင့်မားသည် ဟုဆို

alt

လိင်အင်္ဂါ် အရွယ်အစား သာမန်ထက် ကြီးထွား ဖွံ့ဖြိုးသော အမျိုးသား များသည် လိင်အင်္ဂါ သေးငယ်သည့် အမျိုးသား များထက် ယျေဘူယျ အားဖြင့် ကိုယ်ရည်ကိုယ်သွေး ပိုမို မြင့်မားခြင်း၊

မိမိ ကိုယ်ကိုယ် ပိုမို အထင်ကြီး ဂုဏ်ယူ တတ်ခြင်း၊ ကျန်းမာရေး ပိုကောင်းခြင်း၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ပိုမို မြန်ဆန်ခြင်း စသည့် ကောင်းကျိုးများ ရရှိစေကြောင်း ဩစတြေးလျ နိုင်ငံမှ ပညာရှင် တဦးက ပြောကြားခဲ့သည်။

ဩစတြေးလျ နိုင်ငံ၊ ဗစ်တိုးရီးယား တက္ကသိုလ်မှ အသက်(၂၉)နှစ် အရွယ် ပညာရှင် အမျိုးသမီး အန်နာဘယ်ချန် က အမှန်အားဖြင့် လိင်တံ ကြီးထွားမှုသည် အိပ်ခန်း ထဲတွင်ထက် အဝတ်လဲခန်း အတွင်း တွင်သာ ပိုမို အဓိပ္ပါယ်ရှိမည်ဟု ဆိုသည်။

အဘယ်ကြောင့် ဆိုသော် အမျိုးသား အများစု ထင်မှတ် သကဲ့သို့ လိင်တံ ကြီးထွားခြင်းသည် ကာမ ဆက်ဆံမှုတွင် များစွာ အကျိုးမရှိလှဘဲ ခန္ဓာကိုယ် အချိုးအစား လှပ ကျနမှုကိုသာ ဖြစ်ပေါ် စေသောကြောင့်ဟု ချန်က ရှင်းပြခဲ့သည်။ သူမက အမျိုးသား များသည် ၎င်းတို့၏ လိင်အင်္ဂါ အရွယ်အစား သေးငယ်နေပါက ကာမ ဆက်ဆံမှုတွင် ယုတ်လျော့ အားနည်း သွားမည်ကို စိုးရိမ် တတ်ကြကြောင်း၊ ယင်း အယူအဆသည် အခြေအမြစ် လုံးဝ မရှိကြောင်း ပြောကြားခဲ့သည်။

သူမ၏ လေ့လာမှုများအရ ကြံုလှီးချိနဲ့သော အမျိုးသားများ၏ လိင်အင်္ဂါ အရွယ်အစားသည် ပျမ်းမျှ ၃.၄ လက်မ မျှသာ ရှိတတ် သော်လည်း အားကောင်းမောင်းသန် အမျိုးသား များမှာမူ ပျမ်းမျှအရွယ် ၆.၃ လက်မ ရှိကြောင်း ချန်က ဆိုသည်။ သူမသည် အမျိုးသား လိင်အင်္ဂါ အရွယ်အစားသည် ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို မည်သို့မည်ပုံ ဆက်စပ်နေကြောင်း အထူးပြု လေ့လာနေသည့် ပညာရှင်လည်း ဖြစ်သည်။

ချန်သည် သူမ၏ သုတေသန လုပ်ငန်းများအား စင်္ကာပူနှင့် ဗြိတိန် တို့တွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သေးပြီး နိုင်ငံပေါင်း (၄၃)ခုမှ အသက် (၁၈)နှစ်နှင့် (၇၆)နှစ်ကြား အမျိုးသား (၇၀၀)ကျော် တို့ကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။ သူမ၏ တွေ့ရှိချက်များ အရ အမျိုးသားထု၏ (၆၇.၃) ရာခိုင်နှုန်းသည် ၎င်းတို့၏ လိင်အင်္ဂါ အရွယ်အစား ရှိရင်းစွဲထက် ပိုပြီး ကြီးစေလိုသော ဆန္ဒရှိကြောင်း ချန်က ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here