ဂါဇာဒေသရှိ ဆေးရုံပြန်လည် ပြင်ဆင်ရေး အစ္စရေး လက်ခံ

alt

ဂါဇာ ဒေသအတွင်း ပျက်စီးသွားသည့် ဆေးရုံအား ပြန်လည် ပြင်ဆင် တည်ဆောက်ခွင့် ရရေး ပြင်သစ်သမ္မတ နီကိုလက် ဆာကိုဇီ ၏ တောင်းဆိုမှုအား နောက်ဆုံးတွင်

အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟု က လက်ခံ လိုက်လျောခဲ့ပြီဟု သိရှိရသည်။

စက်တင်ဘာ (၂၉)ရက် နေ့က နှစ်နိုင်ငံ ခေါင်းဆောင်များ တယ်လီဖုန်းဖြင့် ညှိနှိုင်း ပြီးနောက် လူသားချင်း စာနာသော စိတ်ဓာတ်ဖြင့် ဆေးရုံပြန်လည် တည်ဆောက်ရေးကို မိမိတို့ ခွင့်ပြုမည် ဖြစ်ကြောင်း နာတန်ယာဟု က ဆာကိုဖီ အား ပြောဆိုသွားကြောင်း သိရှိရသည်။

ထို့ကြောင့် ဂါဇာ ကမ်းမြှောင်ရှိ အယ်ကွက်ဆေးရုံ ပြန်လည် တည်ဆောက်ရေးကို စတင်နိုင်တော့မည် ဖြစ်သည်။ ယင်း ဆေးရုံသည် ပြီးခဲ့သည့် နှစ်ကုန်က ဖြစ်ပွားခဲ့သော ဂါဇာ-အစ္စရေး စစ်ပွဲအတွင်း ပျက်စီးခဲ့ရပြီး အစ္စရေး တို့၏ ဒုံးကျည်ကြောင့် ပျက်စီး သွားခြင်းဟု စွပ်စွဲ ခံထားရသည်။

အစောပိုင်းက နာတန်ယာဟု သည် ဆေးရုံပြန်လည် တည်ဆောက်ခွင့် ရရေး တောင်းဆိုမှု များအား တွင်တွင် ငြင်းဆန်ခဲ့သော်လည်း ဆာကိုဇီ၏ ဖြောင့်ဖြမှုကြောင့် ယခုလို လိုက်လျောခဲ့ခြင်း ဖြစ်သည်။ ဆာကိုဇီနှင့် တယ်လီဖုန်း ဆွေးနွေးမှုများ ပြုလုပ်ပြီးချိန်တွင် နာတန်ယာဟု က သတင်းထောက် များအား ဂါဇာဆေးရုံ တည်ဆောက်ရေး လုပ်ငန်းများကို လည်ပတ် ခွင့်ပြုတော့မည်ဟု အတည်ပြု ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here