မီဂန်ဖော့စ် အား ပလေးဘွိုင်း ကိုယ်ဟန်ပြမယ် ဖြစ်စေချင်ဟု ဆို

alt

ကမာ္ဘကျော် ပုရိသအကြိုက် မဂ္ဂဇင်း  ပလေးဘွိုင်း မှ အကြီးအကဲ ဖြစ်သူ ဟူးဂျ် ဟက်ဖနား က မိမိ၏ မဂ္ဂဇင်း တွင် ကိုယ်ဟန်ပြမယ် အဖြစ် မီဂန်ဖော့စ် အား အလိုရှိကြောင်း ၀န်ခံပြောကြား လိုက်သည်။

အသက် (၂၃)နှစ်ရှိ Transformers ဇာတ်ဆောင် မင်းသမီး ချောသည် သွယ်သွယ်လျလျ နှင့် အလွန်လှပါ ကြောင်း၊ သူမ၏ အဝတ် မပါသော ကိုယ်လုံးအလှ မည်သို့ရှိမည်ကို ၎င်းအနေနှင့် ကွက်ကွက် ကွင်းကွင်း သိမြင် လိုကြောင်း ဟက်ဖနားက e! news သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အခွင့်အရေး ရမည်ဆိုပါက ဘရစ်တနီ စဖီးယား၊ ဂျက်ဆီကာ ဆင်ဆမ် တို့၏ ၀တ်လစ်စလစ် အလှပုံ များကိုလည်း ပုရိသတို့ သည်းခြေကြိုက် ပလေးဘွိုင်း မဂ္ဂဇင်းတွင် ဖော်ပြခွင့် ရလိုကြောင်း အသက် (၈၃)နှစ် ရှိနေပြီဖြစ်သည့် ဟက်ဖနား က ဆိုသည်။

ဟက်ဖနား သည် ပြီးခဲ့သည့်နှစ် က လင်းဆေးလိုဟန် အား အဝတ်အစား မပါဘဲ ဓာတ်ပုံ ရိုက်ခွင့်ပေးရန် ဒေါ်လာ (၁)သန်းဖြင့် ကမ်းလှမ် ခဲ့သေးသော်လည်း ထို ဟောလီးဝုဒ် စတား မင်းသမီးက ပယ်ချခဲ့သည်။ သို့သော်လည်း ပလေးဘွိုင်း မှာမူ ကမာ္ဘပေါ်တွင် စောင်ရေအများဆုံး ရောင်းချရသည့် ကာလသားကြိုက် မဂ္ဂဇင်းကြီး အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်သလို ဓာတ်ပုံ အရိုက်ခံလိုသည့် မိန်းမချော မိန်းမလှများလည်း အလွန် ပေါများနေဆဲ ဖြစ်သည်။

ဟက်ဖနား အနေနှင့် ယခုကဲ့သို့ စကားကြောင်း ထားသော်လည်း မီဂန် ကမူ သူမသည် အဝတ်အစား မပါသော ပုံရိပ်များကို ပရိသတ်ရှေ့တွင် မည်သို့မျှ မပြသနိုင်ကြောင်း အတိအလင်း ငြင်းဆို ထားသဖြင့် မဂ္ဂဇင်း အကြီးအကဲ၏ အကြံအစည်မှာ အောင်မြင်ဖွယ် မရှိဟုလည်း ထပ်မံ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here