ဒေါ်အောင်ဆန်းစုကြည် အား အမြန်ဆုံး ပြန်လွှတ်ပေးရန် ဘန်ကီမွန်း တောင်းဆိုလိုက်

alt

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း က ကုလသမဂ္ဂ အထွေထွေ ညီလာခံ သို့ တက်ရောက် လာသော မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် ကို ဒေါ်အောင်ဆန်းစုကြည် အား အမြန်ဆုံး ပြန်လွှတ် ပေးရန်

တောင်းဆို လိုက်ကြောင်း သိရှိရသည်။

ဘန်၏ ကိုယ်ရေးအရာရှိ မစ်ရှဲလ် မွန်းတက် က အထွေထွေ အတွင်းရေးမှူး အနေနှင့် မြန်မာ နိုင်ငံအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ များ၏ တရားမျှတမှု အတွက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ရေးမှာ မဖြစ်မနေ လိုအပ်သည်ဟု ခံယူထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဘန်သည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ် ကလည်း ၎င်း၏ သဘောထားကို မြန်မာ စစ်ခေါင်းဆောင် များထံ အတိအလင်း ပြောဆိုပြီး ဖြစ်ကြောင်း သတင်းထောက် များအား ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

ဘန်သည် ဇူလိုင်လ အတွင်းက မြန်မာ နိုင်ငံသို့ (၂)ရက်ကြာ သွားရောက်ခဲ့ပြီး မြန်မာ့နိုင်ငံရေး အကျဉ်းသား (၂၂၀၀) တို့အား ပြန်လွှတ်ပေးရန်၊ (၂၀၁၀) ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိနေစေရန်၊ စစ်အစိုးရ နှင့် အတိုက်အခံ များကြား ဆွေးနွေး ညှိနှိုင်းမှုများ ပြန်လည် စတင်ရန်ဆိုသော တောင်းဆိုချက် (၃)ခုကို ပြုလုပ်ခဲ့သည်။

အမေရိကန် နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှင့် မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများ အတွက် မြန်မာ စစ်အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးသွားရန် ဆန္ဒရှိနေကြောင်း ပြီးခဲ့သည့် သီတင်းပါတ်က ကြေညာခဲ့ပြီး ထိုကိစ္စ အတွက်လည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုလျှက် ရှိသည်ဟု သူမ၏ ရှေ့နေက ထုတ်ဖော် ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here