ကမ္ဘာ့ အဆိုးနှင့်အကောင်း လိင် ဆက်ဆံဖက် ရလဒ်များ ထွက်ပေါ်လာ

alt

တ ကမာ္ဘလုံး ဆိုင်ရာ သုတေသန ၀ဘ်ဆိုဒ်တခု ဖြစ်သည့် Onepoll.com က ကမာ္ဘပေါ်တွင် အညံဖျင်းဆုံး ချစ်ဖော် ချစ်ဖက်များ အဖြစ် ဂျာမန် အမျိုးသား များအား ဖော်ပြ လိုက်သည်။

ယင်း ၀ဘ်ဆိုဒ်သည် ကမာ္ဘ့နိုင်ငံ အခု(၂၀)မှ အတွေ့အကြံု များသော အမျိုးသမီး (၁၅၀၀၀) ကို မေးမြန်းစုံစမ်း သဘောထား ကောက်ခံပြီး နောက် ယခု စစ်တမ်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဂျာမန် လူမျိုးများသည် ရေချိုးရန် ပျင်းရိလေ့ရှိပြီး အနံ့အသက် မကောင်းတတ်ကြောင်း အမျိုးသမီးများက ဆိုသည်။ အင်္ဂလိပ် များကမူ အညံ့ဆုံး အိပ်ခန်းဖော် စာရင်းတွင် ဒုတိယနေရာမှ ရပ်တည်နေပြီး အများအားဖြင့် ၎င်းတို့သည် ချစ်တင်း နှီးနှောရာတွင် ထိုင်းထိုင်းမှိုင်းမှိုင်း နှင့် လေးကန်လေ့ ရှိကြောင်း သိရှိရသည်။

ဆွီဒင်များမှာ တတိယအဖြစ် ရပ်တည်နေပြီး ၎င်းတို့၏ အားနည်းချက်မှာ ကိစ္စပြီးမှု မြန်လွန်းသဖြင့် အမျိုးသမီးများ မကျေနပ်စရာ ဖြစ်ရခြင်းဟု ဆိုသည်။ ဒတ်ချ် များမှာမူ မိမိ၏ အဖော်အပေါ် အသာစီးယူရန် ဆန္ဒပြင်းပြလေ့ ရှိကြောင်း အမျိုးသမီး အများစုက မဲပေး ခဲ့ကြသည်။

နံပါတ်(၅)တွင် ရှိနေသည့် အမေရိကန်များ ကမူ အကြမ်းပတမ်း နိုင်လွန်းသည်ဟု သိရှိရပြီး၊ ဂရိများ ကမူ တဖွဲ့တနွဲ့ နိုင်လွန်းပြီး စိတ်မရှည်စရာ ကောင်းနေပြန်သည်။ ဝေလ် နယ်သားများ ကမူ မိမိအတွက်သာ ကြည့်တတ်သော တကိုယ်ကောင်း သမားများဟု အမျိုးသမီးများက မှတ်ယူနေပြီး စကော့တ် များကမူ မလိုအပ်ဘဲ အသံကျယ်လွန်းကြောင်း သိရှိရသည်။

နံပါတ်(၉) ချိတ်သည့် တူရကီများ ကမူ အလွန်အမင်း အားကြိုးမာန်တက် ရှိလွန်း၍လား မသိ၊ ချွေးထွက် လွန်းသည်ဟု အမျိုးသမီးများက နှာခေါင်းရှုံ့ ပြန်သည်။ ရုရှားများ ကမူ နံပါတ်(၁၀)တွင် အဆင့်ချိတ်သည်။ ၎င်းတို့ နာမည်ပျက်ပုံမှာ တမျိုး တဘာသာဖြစ်ပြီး အမွေးအမြှင် ထူလွန်းသဖြင့် အမျိုးသမီးများ မနှစ်ခြိုက်ကြောင်း သိရှိရသည်။

အိပ်ခန်းဆောင် အချစ် ဇာတ်လမ်းများ အတွက် အကောင်းဆုံး အဖော်အဖြစ် မဲပေးခံရသည်မှာ စပိန် လူမျိုးများဖြစ်ပြီး ၎င်းတို့ နောက်တွင် ဘရာဇီး၊ အီတလီ၊ ပြင်သစ်၊ အိုင်းရစ်၊ တောင်အာဖရိက၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဒိန်းမတ် နှင့် ကနေဒါ အမျိုးသား များက ဂုဏ်ယူ ၀ံ့ကြွားဖွယ် အစဉ်လိုက် ရပ်တည်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here