ဘရစ်တနီ၏ မြောက်အမေရိက ဖျော်ဖြေရေး ခရီးစဉ် ပြီးဆုံး

alt

ဘရစ်တနီ စဖီးယား သည် သူမ၏ Circus ဖျော်ဖြေပွဲ မြောက်အမေရိက ခရီးစဉ်ကို လက်ဗီးဂက်စ် တွင် Lap Dance ဖြင့် တင်ဆက်ရင်း နိဂုံး ချုပ်လိုက်ပြီ ဖြစ်သည်။

Pop ဂီတစတား အဆိုတော် မလေးသည် ပြီးခဲ့သည့် (၇)လ ကတည်းက Circus ကမာ္ဘလှည့် ဖျော်ဖြေပွဲကို စတင်လာခဲ့ခြင်း ဖြစ်သည်။ ယခု နောက်ဆုံး ဖျော်ဖြေပွဲကို မန္တလေးဘေး ကာစီနို ဟိုတယ်ကြီးတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး သူမ၏ Breathe On Me သီချင်းတွင် Lap Dance အစွမ်း ပြသသွားခြင်း ဖြစ်သည်။

စက်တင်ဘာ (၂၇)ရက် နေ့ပွဲတွင် ဘယ်ရီမာနီလို၊ Spice Girls အဖွဲ့ဝင်ဟောင်း မယ်လာနီ ဘရောင်း တို့လည်း ဧည့်သည်တော်များ အဖြစ် တက်ရောက်ခဲ့သလို ထိုမတိုင်မီ တရက်က ဖျော်ဖြေ ပွဲတွင်လည်း အမေရိကန် ဆယ်ကျော်သက် အဆိုတော် မင်းသမီးလေး မယ်လီဆိုင်းရပ် လာရောက် အားပေး ခဲ့သေးသည်။

ထိုအတွက် အသက် (၂၈)နှစ်ရှိ ဘရစ်တနီက Twitter မှတဆင့် ကျေးဇူးတင် စကား မယ်လီ့ ထံသို့ ပြောကြားခဲ့သေးကြောင်း သိရှိရသည်။ ယခုအခါ မြောက်အမေရိက ခရီးစဉ် အဆုံးသတ် ပြီးနောက် Toxic အဆိုတော် ဘရစ်တနီ သည် ဩစတြေးလျသို့ သွားရောက် ဖျော်ဖြေမည့် နိုဝင်ဘာလ ခရီးစဉ် အတွက် လုံးပမ်းနေပြီ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here