မန်ချက်စတာ စီးတီး ပရီးမီးယားလိဂ် ဖလား မရနိုင်ဟု သုံးသပ်

alt

လက်ရှိ အချိန်တွင် ခြေစွမ်းပြ နေပြီး အာဆင်နယ် ကဲ့သို့ အသင်းကြီး မျိုးကိုပင် အနိုင်ယူ ထားသော်လည်း အင်္ဂလန် ဘောလုံး ပရိသတ် အတော် များများ မန်ချက်စတာ စီးတီး အသင်း ပရီးမီးယား လိဂ် ချန်ပီယံဘွဲ့ ရရှိမည်ဟု

မယုံကြည် ကြကြောင်း သိရှိရသည်။

စီးတီး အသင်းသည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း ပေါင်ငွေ သန်းပေါင်းများစွာ သုံးစွဲပြီး ကားလို့စ် တီဗက်စ်၊ ဂရက်ဘယ်ရီ၊ ရောလ်ကွေး ဆန်တာခရုစ်၊ အီမန်နျူရယ် အဒီဘာယော၊ ကိုလိုတိုရေး၊ ဂျိုအန်လက်စကော့ စသည့် ပရီးမီးယားလိဂ် ထိပ်ထိပ်ကြဲ ဘောလုံး သမားများကို ၀ယ်ယူ အားဖြည့်ထားပြီး အမှတ်ပေး ပြိုင်ပွဲတွင်လည်း မြို့ခံပြိုင်ဘက် လက်ရှိချန်ပီယံ မန်ချက်စတာ ယူနိုက်တက်အား (၄-၃)ဖြင့် အရေးနိမ့်သည်မှ လွဲပြီး ပွဲတိုင်း အနိုင် ကန်ထားသည်။

သို့တိုင်အောင် ကမာ္ဘကျော် ဘောလုံးဝဘ်ဆိုဒ် Goal.Com က ကောက်ခံသော သဘောထား စစ်တမ်းတွင် ပရိသတ်များသည် စီးတီးအသင်း ဗိုလ်စွဲနိုင်ခြေ မရှိဟုသာ အများဆုံး မဲပေးခဲ့ကြောင်း သိရှိရသည်။ အများဆုံး မဲဆန္ဒ ရရှိသည်မှာ လက်ရှိချန်ပီယံ ယူနိုက်တက်သာ ဖြစ်နေပြီး ချဲလ်ဆီး၊ လီဗာပူး တို့ကိုလည်း မဲအပေးများ ခဲ့ကြသည်။ စတုတ္ထ နေရာတွင် စီးတီးအား ဂိုးပြတ် အရေးနိမ့်ထားသည့် အာဆင်နယ် အသင်းက ရပ်တည်နေသည်။

စီးတီးနည်းပြ မတ်ဟုချ် ကမူ ၎င်း၏အသင်းသည် ပရိသတ်များ ခန့်မှန်းခဲ့သမျှ မှားယွင်းကြောင်း သက်သေ ပြနိုင်ရန် စွမ်းဆောင် သွားမည်ဟု ကြိမ်းဝါး ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here