တရုတ် အမျိုးသားခေါင်းဆောင် မော်စီတုံး ၏ မြေး အသက်အငယ်ဆုံး ဗိုလ်ချုပ်ဖြစ်လာ

alt

တရုတ်နိုင်ငံ သမိုင်းတလျှောက် အထင် ရှားဆုံး အမျိုးသား ခေါင်းဆောင်ကြီး အဖြစ် မှတ်တမ်း ၀င်ခဲ့သူ ဥက္ကဌကြီး မော်စီတုံး၏ တဦးတည်းသော မြေးငယ် မှာ တရုတ် နိုင်ငံ၏ အသက်အငယ်ဆုံး ဗိုလ်ချုပ် ဖြစ်လာကြောင်း သိရှိရသည်။

ပြည်သူ့ လွတ်လပ်ရေး တပ်မတော်တွင် အသက်(၃၉)နှစ် အရွယ် မော်ဇင်ယု မှာ ယခုအခါ ဗိုလ်ချုပ် တာဝန်ကို ထမ်းဆောင် နေပြီ ဖြစ်သည်။ စစ်တက္ကသိုလ် ကျောင်းဆင်းတဦး ဖြစ်သည့် ဇင်ယုသည် (၂၀၀၇) ခုနှစ်က ကွယ်လွန်ခဲ့သည့် ဥက္ကဌမော်၏ ဒုတိယသား မော်အန်ကွင်း၏ သားဖြစ်သည်။

မော် မျိုးဆက်၏ အရိုက်အရာကို ဆက်ခံသူ ဇင်ယုသည် တရုတ် ကာကွယ်ရေး ဌာနတွင် အရေးပါသူတဦး ဖြစ်လာသလို နိုင်ငံ၏ အထိမ်းအမှတ် တံဆိပ်ခေါင်းများ ထုတ်ဝေရေး အဖွဲ့တွင် အဓိက အကြံပေးအဖြစ် နေရာယူ ဆောင်ရွက်လျှက် ရှိသည်။

တရုတ် အစိုးရပိုင် ချန်ဂျီအန်း သတင်းစာက မကြာသေးမီ ကမှ ရာထူး တိုးလာသော ဇင်ယုသည် လက်ရှိ တရုတ် ပြည်သူ့လွတ်လပ်ရေး တပ်မတော်တွင် (၁၉၇၀) ပြည့်နှစ်များက မွေးဖွားသူ များထဲမှ တဦးတည်းသော ဗိုလ်ချုပ်ဖြစ်ကြောင်း မီဒီယာများမှ ဖော်ပြခဲ့ကြသည်။

ဥက္ကဌကြီး မော်သည် (၁၉၄၉) ခုနှစ်က တရုတ်ပြည်၌ သွေးလွှမ်းသော ပြုပြင်ပြောင်းလဲရေး တော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို တည်ထောင်ခဲ့ကာ (၁၉၇၆) ခုနှစ်တွင် ကွယ်လွန် သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here