ကလေးငယ် များအား ကားသော့ ပေးထားခြင်း သတိပြုသင့်သည့် အချက်

alt

မိမိတို့၏ ဆယ်ကျော်သက် အရွယ် ကလေးများအား ကားသော့ ပေးထား သည့် မိဘများအတွက် သတိပြု သင့်သည့် အချက်တခုအား ပညာရှင် များက ဖော်ထုတ် တွေ့ရှိခဲ့ရသည်။

လေ့လာမှု စစ်တမ်းများ အရ ယာဉ်တိုက်မှု အများစုသည် ကိုယ်ပိုင် ကားရှိသော ဆယ်ကျော်သက် လူငယ် များကြောင့် ဖြစ်ပွားခဲ့ကြောင်း ပညာရှင် များက သုတေသနပြု ဖော်ထုတ် နိုင်ခဲ့သည်။

အမေရိကန် နိုင်ငံ၊ ဖီလာဒဲဖီးယားရှိ ကလေးဆေးရုံမှ သုတေသီများနှင့် ပြည်ထောင်စု လယ်ယာအာမခံ လုပ်ငန်းတို့က သီးခြားပြုလုပ်သော သုတေသန စစ်တမ်းများကို ပြီးခဲ့သည့် သီတင်းပါတ် အတွင်းက ထုတ်ပြန်ခဲ့ရာ ယခုကဲ့သို့ တွေ့ရှိလာခြင်း ဖြစ်သည်။

၎င်း စစ်တမ်းများက အမေရိကန် ဆယ်ကျော်သက်များ (၅၀၀၀) ကျော်တို့သည် ယာဉ်တိုက်မှု များကြောင့် နှစ်စဉ် သေဆုံးလေ့ရှိကြောင်း ညွှန်ပြနေသည်။ အမေရိကန်တွင် လူငယ်များ လိုင်စင်လျှောက်ထား အောင်မြင်မှု များလာပြီး၊ ကိုယ်ပိုင် ကားရှိသူ အရေအတွက် တိုးပွားလာခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်နေခြင်း ဖြစ်ပြီး ယင်းကို မိဘများက သတိမထားမိဟု ပညာရှင်များက ဆိုသည်။

(၂၀၀၇) ခုနှစ်အတွင်း အမေရိကန်တွင် ဆယ်ကျော်သက်များ မောင်းနှင်သည့် ယာဉ်တိုက်မှုကြောင့် လူ (၇၀၀၀) ကျော် သေဆုံးခဲ့ပြီး ထိုအထဲတွင် ဆယ်ကျော်သက် (၃၀၀၀)ကျော် ပါ၀င်သည်။ ထို့အပြင် လူငယ်အရေ အတွက် (၂၅၀၀၀၀) ကျော်တို့မှာလည်း ထိုနှစ်က ယာဉ်တိုက်မှုများ အတွင်း ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here