အာရှ စီနီယာ ဘော်လီဘောပြိုင်ပွဲ မြန်မာအသင်း ဗွေဆော်ဦး ဖိလစ်ပိုင်ကို အနိုင်ရ

alt

(၁၅) ကြိမ်မြောက် အာရှစီနီယာ အမျိုးသား ဘော်လီဘော ပြိုင်ပွဲတွင် အစ ကောင်းရန် မျှော်လင့်နေသော ဖိလစ်ပိုင် ဘောလီဘော အသင်းသည် မြန်မာကို အရေးနိမ့်ပြီး မှန်းချက်နှင့် နှမ်းထွက် မကိုက်ဘဲ ဖြစ်သွား ခဲ့ရသည်။

Set (၅)ပွဲ ယှဉ်ပြိုင်ခဲ့ရသည့် ပွဲစဉ် အတွင်း ဖိလစ်ပိုင်တို့ ဗွေဆော်ဦး အောင်ပွဲ ခံခဲ့သော်လည်း (၂၅-၂၁)၊ (၂၁-၂၅)၊ (၂၅-၁၉)၊ (၂၂-၂၅)၊ (၁၅-၁၇) ဖြင့် အကြိတ်အနယ် ကစားပြီး မြန်မာက အနိုင် ရသွားခဲ့ခြင်း ဖြစ်သည်။

အိမ်ရှင် ဖိလစ်ပိုင် အသင်းသည် ပရိသတ်အားဖြင့် ဖိအားပေး ကစားခဲ့သော်လည်း မြန်မာက အသည်းမာမာ၊ ဇွဲပါပါဖြင့် တုန့်ပြန် ကစားသွားပြီး နောက် ဖိလစ်ပိုင်မှာ ယခုလို အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။

(၄)ကြိမ်မြောက်မှ ချန်ပီယံ တောင်ကိုရီးယား ကမူ မော်ဒိုက်ကို (၂၅-၁၁)၊ (၂၅-၁၃)၊ (၂၅-၁၂) ဖြင့် (၃) ပွဲပြတ် အနိုင်ရခဲ့သလို (၃)ကြိမ် ချန်ပီယံ တရုတ်ကလည်း ဗီယက်နမ်ကို (၂၅-၁၃)၊ (၂၅-၂၃)၊ (၂၅-၁၄) ဖြင့် သက်သောင့်သက်သာ (၃)ပွဲပြတ် အနိုင်ရ သွားခဲ့ကြသည်။

စက်တင်ဘာလ (၂၆)ရက် နေ့က မုန်တိုင်း တိုက်ခတ်နေသဖြင့် ရွှေ့ဆိုင်း လိုက်ရသော ပွဲစဉ်များ ပြန်ကစားချိန် တွင်မူ အင်ဒိုနီးရှားနှင့် သီရိလင်္ကာ တို့သည် အိန္ဒိယ နှင့် ဟောင်ကောင်ကို အသီးသီး အနိုင် ရရှိသွားခဲ့သည်။ ထို့ကြောင့်လည်း (၁၈)နိုင်ငံ ပါ၀င်သည့် ပြိုင်ပွဲအတွင်း မြန်မာ၊ တောင်ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှား နှင့် သီရိလင်္ကာ တို့သည် သက်ဆိုင်ရာ အုပ်စုများအား ဦးဆောင်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here