ဖိလစ်ပိုင် နိုင်ငံသို့ မုန်တိုင်း ထပ်မံ တိုက်ခတ်ဖွယ် ရှိနေပြန်

alt

ဖိလစ်ပိုင် နိုင်ငံအတွင်း ပြီးခဲ့သည့် သီတင်းပါတ် အကုန်က ကက်ဆာနား မုန်တိုင်း ၀င်ရောက် တိုက်ခတ် သွားပြီးနောက် နောက်ထပ် တိုင်ဖွန်း မုန်တိုင်းတခု ထပ်မံ တိုက်ခတ်

နိုင်ကြောင်း အစိုးရ မိုးလေဝသ ဌာနက ကြေညာလိုက်သည်။

မိုးလေဝသ ဌာနမှ ပညာရှင် နာသယ် နီယန်း ခရုစ် က ပစိဖိတ်သမုဒ္ဒရာ အတွင်း လေဖိအားနည်း ရပ်ဝန်းတခု စတင် ပေါ်ပေါက်နေပြီး ဖိလစ်ပိုင် နိုင်ငံသို့ ဦးတည်နေကြောင်း၊ ယင်း လေဖိအားနည်း ရပ်ဝန်းသည် တိုင်ဖွန်း မုန်တိုင်း ဖြစ်လာနိုင်ကြောင်း သတိပေး ပြောဆို ထားလိုက်သည်။

အပူပိုင်း မုန်တိုင်း တခုဖြစ်သော ကက်ဆာနားသည် စက်တင်ဘာ (၂၆)ရက် နေ့က မနီလာမြို့တော် အပါအဝင် နိုင်ငံမြောက်ပိုင်းသို့ ဦးတည် တိုက်ခတ်သွားရာ (၄၂)နှစ် အတွင်း အဆိုးရွားဆုံး မိုးသည်းထန်မှုနှင့် မြေပြိုမှုများကို ဖြစ်ပေါ်စေပြီး လူပေါင်း (၈၃)ဦးထက် မနည်း သေဆုံးစေခဲ့သည်။

ကယ်ဆယ်ရေး တပ်ဖွဲ့များက မုန်တိုင်းကြောင့် လူ(၄၀)နီးပါး ပျောက်ဆုံးနေကြောင်း အတည်ပြုထားသည်။ မုန်တိုင်း ဒဏ်ကြောင့် နေအိမ်များနှင့် မော်တော်ယာဉ်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီးနောက် အစိုးရက အရေးပေါ်သုံး ရံပုံငွေကို ချက်ချင်း ခွင့်ပြု ထုုတ်ပေး ခဲ့ရသည်။

စက်တင်ဘာ (၂၈) ရက်နေ့ နံနက်ပိုင်း ကမူ မိုးလေဝသ ပညာရှင် ခရုစ်က နောက်ထပ် မုန်တိုင်းတခု တိုက်ခတ်နိုင်ကြောင်း သတိပေး လိုက်သဖြင့် မနီလာတွင် စိုးရိမ်မှု အခြေအနေ မြင့်တက် လာနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here