အမေရိကန်များ ကားမောင်းနေစဉ် Text Message ပို့သည့်အကျင့် မပြင်နိုင်ကြ

alt

သက်ဆိုင်ရာက အန္တရာယ် ရှိကြောင်း ကြေညာ ထားသည့်တိုင် ကားမောင်း နေစဉ် Text Message ပေးပို့သည့် အကျင့်အား မပြင်နိုင် ကြကြောင်း အမေရိကန် မှ ယာဉ်မောင်းသူ (၂၀) ရာခိုင်နှုန်းက ထုတ်ဖော် ၀န်ခံ လိုက်သည်။

ပြီးခဲ့သည့် သီတင်းပါတ်က အမေရိကန် ကား လုပ်ငန်းရှင်များ အသင်း AAA က ၎င်းတို့၏ ကောက်ခံ ရရှိသော စစ်တမ်းကို ကြေညာခဲ့ရာ အမေရိကန် ယာဉ်မောင်းသူ (၅)ဦးတွင် (၁)ဦးမှာ ကားမောင်းရင်း Text Message ပေးပို့ခြင်း (သို့မဟုတ်) ဖတ်ရှုခြင်း များကို ပြုလုပ်လေ့ ရှိကြောင်း ၎င်းတို့၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ယင်း ပမာဏသည် လက်မခံနိုင်သော အတိုင်းအတာ အထိ မြင့်မား နေသည်ဟုလည်း AAA က ဆိုသည်။ နည်းပညာသစ် များသည် တဖက်တွင် ကောင်းကျိုး ရှိသော်လည်း ကျန်တဖက် မှာမူ အန္တရာယ်နှင့် နီးကပ် လာစေကြောင်း AAA ကားလုပ်ငန်းရှင်း ဖောင်ဒေးရှင်းမှ အမှုဆောင်ချုပ် ရောဘတ်ဒါ ဘန်လန့်က ဆိုသည်။

အမေရိကန် ၏ ပြည်နယ် (၅၀)တွင် ကားမောင်းရင်း Text Message ပေးပို့ခြင်းနှင့် ဖတ်ရှုခြင်းကို တားမြစ် ထားသည့်တိုင် လူအများ လိုက်နာမှု အားနည်း နေသေးကြောင်း၊ ထိုကိစ္စကို ရှုထောင့်အသစ်မှ ချဉ်းကပ် ဖြေရှင်းသင့်ကြောင်း ဒါဘန်လန့်က အကြံပြု ပြောကြားခဲ့သည်။

ယခု စစ်တမ်းအတွက် အမေရိကန်လူမျိုး (၂၅၀၀)ကျော်အား Random စနစ်ဖြင့် တယ်လီဖုန်းဆက် မေးမြန်းပြီး သဘောထား ရယူခဲ့ခြင်း ဖြစ်သည်။ အမေရိကန် လူမျိုးများသည် ယင်းအပြုအမူမှာ ယာဉ်တိုက်မှုများ ဖြစ်ပွားနိုင်စေသော အန္တရာယ် ရှိကြောင်း သိနေသည့်တိုင် လက်တွေ့ ရှောင်ကြဉ်မှု နည်းပါး နေသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here