ဂျာမန် ရွေးကောက်ပွဲ အန်ဂျလာ မာကယ် ထပ်မံ အောင်ပွဲခံ

alt

စက်တင်ဘာ (၂၈)ရက် နေ့က ပြီးစီး သွားသည့် ဂျာမန် ရွေးကောက်ပွဲများ အရ လက်ရှိ အာဏာရ အစိုးရအဖွဲ့ပင် ဒုတိယ အကြိမ် ရွေးကောက် ခံရကြောင်း သိရှိရသည်။

အသက် (၅၅)နှစ်ရှိ ဂျာမန် အဓိပတိ အမျိုးသမီးကြီး အန်ဂျလာ မာကယ် သည့် ရွေးကောက်ပွဲတွင် အနိုင် ရပြီးသည်နှင့် ခရစ်ယန် ဒီမိုကရက်ပါတီ မှ ၎င်း၏ အဖွဲ့ဝင် ခေါင်းဆောင်များနှင့် ချက်ချင်း အစည်းအဝေးထိုင်ပြီး နိုင်ငံ၏ အနာဂတ် လုပ်ငန်းစဉ်များကို ညှိနှိုင်း တိုင်ပင်ခဲ့သည်။

မာကယ်၏ အစိုးရ အဖွဲ့သည် မဲအရေ အတွက် (၃၃) ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီး လွတ်လပ်သော ဒီမိုကရက်ပါတီက (၁၄.၆) ရာခိုင်နှုန်း၊ ဆိုရှယ် ဒီမိုကရက် တို့က (၂၃) ရာခိုင်နှုန်း၊ လက်ဝဲပါတီက (၁၁.၉) ရာခိုင်နှုန်း၊ ဂရင်းပါတီက (၁၀.၇) ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြသည်။

မိမိတို့ အစိုးရအဖွဲ့ ပြန်လည် အနိုင်ရသဖြင့် ၀မ်းသာကြောင်း၊ ဂျာမနီ၏ တည်ငြိမ်ဖွံ့ဖြိုးမှုကို ဆက်လက်ကြိုးစား ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ အပြီးတွင် မာကယ်က သတင်းထောက် များထံ ပြောကြားခဲ့သည်။ မာကယ်၏ ပါတီသည် အနိုင်ရ ခဲ့သော်လည်း ရလဒ်ပိုင်း ကျဆင်းခဲ့ပြီး (၁၉၅၃) ခုနှစ်နောက်ပိုင်း ပြည်သူ့ထောက်ခံမှု အဆိုးရွားဆုံး လျော့နည်း နေကြောင်းလည်း သိရှိရသည်။

ယခု မဲရလဒ်ကြောင့် လွှတ်တော်အတွင်း ကွန်ဆာဗေးတစ် တို့အား အမတ်နေရာ (၂၃၈)နေရာ၊ လွတ်လပ်သော ဒီမိုကရက် တို့အား (၉၃) နေရာ၊ ဆိုရှယ် ဒီမိုကရက် တို့အား (၁၄၆) နေရာ၊ လက်ဝဲပါတီအား (၇၆) နေရာနှင့် ဂရင်းတို့အား (၆၈) နေရာ ခွဲပေး လိုက်ရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here